part-3(uni)

480 11 0
                                    

.....အိန္ဒြာအခန်းတွင်းသို့ရောက်သော်နုတ်ခမ်းထက်မှာပြုံးနေသည့်အပြုံးလှလှလေးသည်အခုထိရှိနေဆဲဖြစ်သည်။
"ကလေးအိပ်ပုတ်လေး..အိပ်နေတာတောင်ချစ်စရာလေး...။"

အိန္ဒြာတစ်ယောက်ထဲပြုံးစိစိဖြစ်နေတော့သည်။
တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားသည်။ဇာနည်​ဆိုသည့်ထိုသူမှာရတီ့အားသိပ်ပြီးမနှောက်ယှက်ရဲတော့ပါ။ရတီကတော့ ထိုအချက်အားကျေနပ်လှသည်။စိတ်ရှုပ်သက်သာနေသည်။
ဒီနေ့တော့မေမေ့ cafe ဆိုင်
တွင်..ဝိုင်းလုပ်ပေးနေလိုက်သည်။

"ညီမလေး.."

"ရှင်..."

"အမကိုလေ..ဒီစတော်ဘယ်ရီကိတ်မုန့်လေးထုတ်ပေးနော်..."

"ဟုတ်ကဲ့.အမ.....။"
ရော့..ဘယ်လောက်လဲညီမ......35000ပါအမ
ကျေးဇူးပါအမ.....။
ပိုက်ဆံကို
.
ရတီ့အမေကတော့...အနောက်ခန်းထဲတွင်စာရင်းအင်းတွေကိုလုပ်သည်...။ရတီနဲ့..ဆိုင်ဝန်ထမ်းအငှားအမနှစ်ယောက်သာရှိလေသည်။ရတီအမေဆိုင်လေးမှာအစ စစဖွင့်ခြင်းတုန်းကဖောက်သည်သိပ်မလာပေမယ့်.နောက်ပိုင်းကြတော့ ဆိုင်လေးဟာနာမည်ရလာပြီး..ဖောက်သည်တွေအနည်းငယ်များလာသည်။
ဒါပေမယ့်ရတီဒီဆိုင်မှာအလုပ်လုပ်ပြီးထဲက ဖောက်သည်မပြက်ရောက်လာတတ်သည်။အများစုကတော့ ရတီ့ကိုကြူခြင်နေသည့်..ယောကျာ်းလေးအများစုပေါ့....။
မေမေကဆိုင်ဝန်ထမ်းအသစ်ရှာဖို့လုပ်နေလေသည်။
ဆိုင်ဝန်ထမ်းအသစ်ဆိုမှ သုလေးကိုတွေးမိသည်.။သုလေးကသူ့ကိုယ်ပိုင်ဝင်ငွေနဲ့ဂီတာတစ်လက်လိုခြင်တယ်ပြောခဲ့ဖူးတယ်မလား..။ကျောင်းဖွင့်မှဆက်ကြည့်မှပါ။

"ဟေ့ရောင်ရိုက်လို့ပြီးပြီလားသူသတိထားမိသွားအုန်းမယ်မြန်မြန်ရိုက်ပါဟ....။"

"ပြီးပြီ...ချစ်စရာကောင်းလိုက်တာကွာ...."

ပြောရင်းကော်ဖီချိုကိုတစ်ငုံသောက်ရင်း..သူရိုက်ထားသည့်ပုံကိုသဘောကျကျေနပ်နေလေသည်။
တစ်ခါတည်း wallpaper တွင် ပြောင်းလိုက်သည်။
ထိုသူတွေမှာရတီ့အားကြိုက်နေကြသည့်ယောကျာ်းလေးအုပ်စုပင်...။
ရတီ့အတွက်တော့ရင်လေးစရာပါပင်..ယောကျာ်းလေးအများစုသူမကိုသဘောကျနေသည့်အချက်ကိုသူမသဘောမတွေ့လှပါ။

#What is love #Where stories live. Discover now