part-9(uni)

282 9 0
                                    

တကယ်လို့.သမီးလေးက ဟုတ်တယ်ဆိုရင်လည်း...
မိဘတစ်ယောက်အနေနဲ့ဘယ်သူတွေဘယ်လိုတိုက်ခိုက်ပြောဆိုနေပါစေ..ကိုယ့်သားသမီးဘက်ကသာရပ်တည်ပေးရမည်။
ဟူး.....သမီးအဖြစ်အားတွေးတောရင်း..ရင်မောရသည်ကြောင့်သက်ပြင်အား..ခြမိသည်။

~~~~~~~~~~~~~~~~~~

"ဟဲ့...ခင်...နင်ကြားပြီးပြီလား...."

"အင်းဘာအကြောင်းများလဲ..ဒေါ်စိန်ရဲ့...။"

ခင်စျေးဝယ်တုန်း..ခင်နေပြီဖြစ်သော...စျေးသည်ဒေါ်စိန်ကြည်က....သူမအားပြောတော့ပြုံးရွှင်စွာပဲမေးလိုက်သည်။

"အခုခေတ်များ..ငါတော့ရင်မောရပါတယ်အေ...ငါတို့.ဘေးအိမ်က..အိမ်နီးခြင်းကောင်မလေးကွယ်......မိန်းကလေးခြင်းခြင်း....ခိုးပြေးလိုက်သွားတယ်ဟယ်..ဘယ်လောက်တောင်မိဘမျက်နှာအိုးမဲသုတ်လိုက်တဲ့သမီးလဲ သူ့မိဘတွေဆို..ေဒါသတစ်ထောင်းထောင်းထွက်နေတာအေ...အမွေပြတ်တောင်စွန့်လွှတ်တော့မှာ..။အဲ့ဒီကောင်မလေးကိုခိုးပြေးသွားတဲ့ကောင်မလေးက..ဟိုမရောက်ဒီမရောက်ဘောပြားတဲ့တော်...ငါတော့ရွံပါတယ်အေ....။"

မဲ့ရွဲ့ကာ....ဒေါ်စိန်ကြည်ပြောနေသောစကားများအားကြားကာ...သူမ...အသီးအရွက်များရွေးနေတာကိုရပ်တန့်သွားစေ
တော့သည်။
စကားများဟာကြားတစ်ချက်မကြားတစ်ချက်....။စိတ်ထဲမှာလည်း....အိုးမလုံသလိုဖြစ်နေမိသည်။

"ခင်..ဟဲ့ခင်ဘာဖြစ်တာလဲ......။"

"အော်..ဘာမှမဟုတ်ပါဘူးဒေါ်စိန်ကြည်ရဲ့...ကျွန်မကို. ဒီဟာ....သုံးဆယ်သားထုတ်ပေးပါ။"

"ဟုတ်ပါပြီကွယ်..။"

အကြွေလေး..ပြန်အမ်းကာပေးပြီး..

"ကျေးဇူးပါကွယ်..။"

ခင်လည်းပြုံးပြကာ..ထွက်လာလိုက်သည်။
သမီးလေးရယ်.....ဘာကြောင့်များမိန်းကလေးခြင်းခြင်းချစ်ကြိုက်ရတာလဲကွယ်......။
မဟုတ်ပါဘူး....သမီးလေးက...ငါသက်သေမရှိပဲ....။
သူမ...ဖုန်းတစ်လုံးအားဆက်လိုက်သည်။

"ဟယ်လို..အန်တီ......။"

"အေသမီး..သမီးအားလားမသိဘူး...။"

"ဟုတ်ကဲ့အန်တီ..ဘာပြောမို့လဲမသိဘူး....။"

"ဖုန်းနဲ့ပြောလို့အဆင်မပြေဘူး..သမီး
.အန်တီတို့..အပြင်မှာပြောကြမယ်။.သမီးလာခဲ့နော်အန်တီ....ထူးလေး..စားသောက်ဆိုင်မှာစောင့်နေမယ်။"

#What is love #Where stories live. Discover now