အပိုင်း (၁)

462 15 0
                                    

အထည်ချုပ် စက်ရုံရဲ့ HR ဝန်ထမ်းလေး ပေဝင့်လွှာ တစ်ယောက် အလုပ်ချိန် နောက်ကျ နေပြီ မို့ ဆိုင်ကယ် ကယ်ရီ ငှားရန် အတွက် ဆိုင်ကယ်ဂိတ်သို့ ခပ်မြန်မြန်လေး လျောက်လာနေသည်။ ဒီ လ ထဲ မှာ အလုပ်ချိန် နောက်ကျတာ ဒီနေ့ နဲ့ ဆို ၃ ရက်ရှိပြီ မို့ Manager ဆူခံထိ တော့ မှာကို လဲ စိုးရိမ်နေမိသည်။ ကယ်ရီ ငှားလို့ ရတာနဲ့ ကယ်ရီဦးလေး အား အမြန်မောင်းပေးဖို့လဲ နာပူနာ ဆာ လုပ်ရသေးသည်။

စက်ရုံရှေ့ ရောက်လို့ နာရီကို ကြည့်လိုက်တော့ ၇ နာရီ ၄၅ မီးနစ်ဖြစ်နေပြီ မို့
လုံခြုံရေးကို လဲ မျက်နှာချိုသွေး ရ သေးသည်။

ရုံးပေါ် ရောက်တော့ ထင် တဲ့ အတိုင်းပင် မန်နေဂျာ ကိုစိုင်း မှ

* ပေဝင့်လွှာ ပြီးရင် ငါ့ ‌ဆီ ခဏ လာခဲ့ * ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပင်

* ဟုတ် ..... ဟုတ် ကိုစိုင်း * အထစ်ထစ် အငေါ့ငေါ့ နှင့် ဖြေရင်း ကွန်ပြူတာ ရှေ့ ထိုင်လိုက်ကာ ဝန်ထမ်း ကဒ်ရိုက်စာရင်းကို စစ်လိုက်သည်။

* ဝင့်လွှာ *

*ရှင် မမမျိုး * လွှာ ရဲ့ စီနီယာ အစ်မ မမျိုး ကို လှည့်ထူးလိုက်သည်။

* ဒီနေ့ အော့တစ် လာမှာ မေ့နေတာလား *

*ဟင် *(အာ ဟုတ်သားပဲ တေပါပီ )

*နင် တော့လေ အပြောခံရတော့မယ် သွားသွား အောက်မှာ စစ်စရာရှိတာတွေ အရင်သွားစစ်လိုက် *

* ဟုတ် ဟုတ် *

မမျိုးကို ပြန်ဖြေရင်း  file ကို ယူရင်း စက်သမားတွေ ဆီရာ သို့ ထွက်လာလိုက်သည် ။
------------------------------------------

ပေဝင့်လွှာ တစ်ယောက် စက်ရုံ ဝန်းထဲ အခုမှ ရောက်လာတာမို့ ဒီနေ့ အလုပ်နောက်ကျတယ် ဆိုတာကို ဖြိုး ကောင်းကောင်းရိပ်မိလိုက်သည်။

ဒီ စက်ရုံ ကို ဖြိုး တရုတ်စကား ပြန် တစ်ယောက် အနေနဲ့ စ ဝင်လာထဲ က အသားမဖြူမညို လေးနဲ့ အရပ်က ၅ပေ၃ လက်မ လောက်ရှိပြီး အများကြားမှာ ထင်ပေါ် စေတဲ့ အလှတရားမရှိပေမယ့် ဆံပင်ရှည်ရှည် လေး ကတော့ ဖြိုး ရဲ့ အာရုံစူးစိုက်မှုကို ရသွားစေတာတော့ အမှန်ပင် ။

တုနှိုင်းမဲ့ သစ္စာМесто, где живут истории. Откройте их для себя