အပိုင်း ၁၁

225 9 3
                                    

ပေဝင့်လွှာ
..............
ကိုယ် က စိတ်တို နေတာ ကြောင့် သူ့ ကို ရွဲ့ ပြီး ဖယ်ရီ နဲ့ ပဲ လိုက်မယ် လို့ ဆုံးဖြတ် ကာ တမင် လူမြင်ကွင်းမှာ ရပ် နေ ခြင်း ဖြစ်သည်။ သူ များ လာချော့ ခေါ်မလား ဆိုတဲ့ မျော်လင့် ချက်လေး နဲ့ လာရာလမ်းဘက်ကို  မျော် နေတဲ့ အချိန် မှာ မြင် လိုက်ရတဲ့ မြင်ကွင်း က ဖြစ်နေတဲ့ ဒေါသ တွေ ကို အချွန် နဲ့ မ ပေး လိုက်သလို ဖြစ်ပြီး စိတ် မထိန်း နိုင် ဖြစ်ကာ တောက် ခေါက် လိုက်မိသည်။

ဒါ ကို သူ က တချက် လောက် ပင် ငဲ့ စောင်းကြည့်ပြီး မသိသလို လုပ်ကာ စက်ဘီး ကို နင်းထွက်သွားလေသည်( ဘာတွေ လဲ သူဇာ နဲ့ သူ နဲ့ က ဘယ်လို ပတ်သတ် နေတာလဲ ) ဆိုတဲ့ အတွေး က မဖိတ် ခေါ်ပါပဲ ခေါင်းထဲ ကို ရောက်လာ လေ သည်။

‌* ပေဝင့်လွှာ *

ခေါ်သံလာရာ သို့ ကြည့်လိုက်တော့ ကား ပေါ် က နေ ခေါ်နေတဲ့ ကိုစိုင်း ဖြစ်နေသည်။

*ဟုတ် ကိုစိုင်း*

လူကြားထဲမှာ မို့ လွှာ လဲ အလိုက်သင့် လေး ပြန်ထူးလိုက်ရသည်။

* ဖယ်ရီ စောင့် နေတာလား လာ တက် ကိုယ် လိုက် ပို့ပေးမယ်*

ကိုစိုင်း ရဲ့ ပြောစကား ကြောင့် ဘေးနားရှိတဲ့ လူတွေ ရဲ့ အကြည့် က လွှာ့ ဆီ ကို စပ်စုသလို ရောက်လာ လေ သည်။

* ဟို ရပါတယ် ကိုစိုင်း လွှာ ဖယ်ရီ နဲ့ ပဲ ပြန်လိုက်ပါ့မယ်*

*လာပါ လမ်းကြုံ နေတာပဲ ဖယ်ရီ က လူစုံ အောင် စောင့်ရဦး မှာ *

ကိုစိုင်း က လက်လျော့ မယ့် ပုံ မပေါ်တာရယ် နှင့် ဘေးနားက ဝိုင်းကြည့်နေကြတာ ရော ကြောင့် ဆက်မငြင်း တော့ပဲ ကိုစိုင်း ရဲ့ ကား ပေါ် တက်မလို့ ပြင်လိုက်တော့

* ကိုယ် ဒရိုင်ဘာ မဟုတ်ဘူးနော် လာ အရှေ့ ကို *

အနောက် တံခါး ကို ဖွင့်မလို့ ရွယ် နေ တဲ့ လွှာ လက်လေး တွန့် ခနဲ ဖြစ် သွားပြီး သက်ပြင်းချ ကို ဘေးသို့လျှောက်သွားလိုက်ပြီး ကိုစိုင်း ဘေး က နေ ဝင် ထိုင် လိုက်သည်။

ကား ပေါ် ရောက် တာ နဲ့ ကိုစိုင်း က ‌‌‌‌‌‌‌ကားကို မောင်း ထွက်လာပြီး နောက်

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now