အပိုင်း (၇)

170 4 0
                                    

မြင့်မြတ်ဖြိုး
*******

အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီ ကို ငုံ့ကြည့်လိုက်တော့ ၄ နာရီ ခွဲ ဖို့ မီးနစ်အနည်းငယ်သာ လိုတော့သည်။ လွှာ ပြန်လိုက်မယ် ဆိုလို့ ပျော်နေပါတယ် ဆိုမှ ဒီနေ့ ည ၇ နာရီ ထိ OT ရှိတယ် တဲ့။

ဖြိုး အတွက် ကံကြမ္မာ မျက်နှာသာ မပေးပုံကို ဆိုးရွားလွန်းလှပါတယ်လေ ။ ဖြိုး Over Time ရှိတာကို လွှာ့ကို သွား‌မပြောရသေးပေမယ့် လွှာ သိပြီး လောက်ပြီ နေမှာပါ ။

ဒါပေမယ့် လဲ ဖြိုး စိတ်ထဲ မှာ လွှာ့ကို ကိုယ်တိုင် သွားပြောချင်စိတ်က များနေသည်။ ဒါကြောင့်... ကျဲကျဲ ကို ပြောပြီး ရုံးပေါ်ကို တက်လာခဲ့လိုက်သည်။

ရုံးပေါ်ရောက်တော့ ပစ္စည်းတွေ သိမ်းနေပြီ ဖြစ်တဲ့ လွှာ့ အနားသို့ လျှောက် သွားပြီး

* ကျွန်တော် ဒီနေ့ OT ရှိတယ် *

ဖြိုး အသံကို ကြားတော့ လွှာက မော့ကြည့်လာသလို မမျိုး က လဲ အံဩ တဲ့ အကြည့်နဲ့ ကြည့်လာလေသည်။ ကြည့်မယ်ဆိုလဲ ကြည့်လောက်ပါတယ် ဘယ်သူရှေ့ မှာ မှ လွှာနဲ့ ဖြိုး ကစကားပြောဖူးတာမှ မဟုတ်ပဲလေ ။

*OT ရှိတာ မှန်တယ်လေ ဒါမင့် မင်းမပါဘူးလေ ဖြိုး *

လွှာ က ဘာမှမပြောတော့ မမျိုး က ဝင်ပြောရှာသည်။

*ဗျာ *

*ဟုတ်တယ်လေ မင်း က နေမကောင်းနေလို့ မနက်ထဲ က ခွင့်ယူတာလေ အလုပ်အဆင်မပြေလို့သာ မင်းလာတာ ကိုစိုင်း က OT မင်းကို ဖယ်ပေးလိုက်ပြောတယ် *

မမျိုး စကားကြောင့် စိတ်ထဲ ကြိတ်ပြီး ပျော်သွားရသည်။

* အဟီး * ပျော်နေတာကို မနည်းဖုံးနေရတဲ့ ကြားက အပြင်ကို ရယ်သံလေး ထွက်သွားရသည်။

*ဘာရယ် တာလဲ * မမျိုးကို မေးလေသည်။

* ဟို ဘာမှ မဟုတ်ဘူး မမျိုး *

ထိုအချိန်မှာပဲ အလုပ်ဖြုတ်တဲ့ ဘဲလ် သံ က မြည်လာသည်။

* ကဲ ကိုယ်တော်ချော ဘာမှ မဟုတ်ရင်လဲ သွားတော့ အလုပ်ဆင်းပြီ *

* ဟုတ် *

ဖြိုး လှည့် အထွက် မှာ တစ်ချိန်လုံး ဘာစကားမှ မပြောတဲ့ လွှာ က သူမရဲ့ အိတ်ကို လွယ် လိုက်ပြီး ဖြိုး ကို ကျော်တက်ရင်း အနားကပ်က လေသံလေးဖြင့်

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now