အပိုင်း (၅)

106 7 0
                                    

နာရီ Alram သံ ကြောင့် လွှာ နိုးလာပြီး အလုပ်သွားဖို့ ပြင်ရသည်။

(ဒီနေ့ အလုပ်ရရင် ကိုစိုင်းကိုရော ဘယ်လို ရင်ဆိုင်ရမလဲ ) တွေးပြီးတော့
အလုပ်သွားချင်စိတ်မရှိတာလဲ အမှန်ပင် ဖြစ်သည်။ ကိုစိုင်း ဆီ က နေ ဒီလို ထွက်လာမယ် ဆိုတာကို တွေးကို မတွေးမိခဲ့တာ အမှန်ပါ။

လွှာ ရဲ့ စိတ်တွေ သူ့ အပေါ် တိမ်းနေတယ် ဆိုတာ ကို ရိပ်မိသွားလို့ ဒီလို အထင်သေး စွာ ပြော လာ မှန်းလဲ လွှာ သိသည်။ ခက်တာက လွှာ့ ရဲ့ စိတ်တွေ က ကိုစိုင်း အပေါ် ပြိုကျ ဆဲ ပဲ ဖြစ်နေသည်။

အထင်ကြီး လေးစား တဲ့ စိတ် ၊ လူကြီးလူကောင် ဆန်တဲ့ Style တွေ ကို လွှာ တကယ် ကို မြတ်နိုး မိသည်။

ရေချိုးပြီးပြီ မို့ အဝတ်စားလဲကာ ထည့်ထားတဲ့ ထမင်းချိုင့်ကို ဆွဲပြီး တံခါး သော့ခတ်လိုက်သည် နာရီ ကြည့်လိုက်တော့ ၆ နာရီ ၄၀ မို့ ဖယ်ရီ မှီလောက်သေးသည် ဟု တွေးကာ ကားဂိတ်သို့ လျှောက်လာခဲ့ မိသည်။

လမ်းမ ရောက်တော့ ဘာရယ် မဟုတ် မြင့်မြတ်ဖြိုး နဲ့ များ တိုးနေမလားလို့ ဘေးဘီ ဝဲ ယာ သို့ ကြည့် မိသေးသည်။

သူ နဲ့ ကြုံ လို့ ရှိရင်တော့ လွှာ ဖယ်ရီ တိုး စီးစရာ မလိုဘူးပေါ့ ။ လွှာ မလိုက်ရင်တော့ သူက တော့ တင်ခေါ် မှာပဲလေ ။မြင့်မြတ်ဖြိုး လွှာ့ အပေါ် စိတ်ယိုင် နေသည် ကို လဲ လွှာ သတိပြုမိသည်။

လွှာ က တော့ သူ့ကို ကြည့်မရတာ က လွဲရင် ဘာ ခံစားမှု မှ တိုးမလာတာတော့ အမှန်ပင်။
-------------------------

ညက ရေချိုး နောက်ကျသည် မို့ ထင်သည်။ ဒီမနက် ဖြိုး ရဲ့ ခေါင်း က မထူနိုင်လောက် အောင် ကိုက်ခဲနေသည်။ အမြဲ တမ်း ကိုက်နေကျပေမယ့် တစ်ခါတစ်ခါ ကိုက်ပြီ ဆိုရင် ဖြိုး မနေနိုင် မခံစားနိုင်လောက် အောင် ဆိုးရွားလှသည်။

ဒီ ဝေဒနာ ကို မခံစားချင်လို့ ခဏခဏ ဂရုစိုက်နေရက်ရဲ့ အမြဲတမ်း ဒီလို ခံစားနေရတာတွေကို ဖြိုး ကုန်ဆုံးချင်လှပြီ။

ဘယ်လို မှ မတက်သာတော့ တဲ့ အဆုံးမှာ HR မန်နေဂျာ ကိုစိုင်းမင်းသူ ဆီ ဖုန်းဆက်ပြီး ခွင့် တိုင်ဖို့ ဆုံးဖြတ်လိုက်သည်။။

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now