အပိုင်း (၉)

120 8 0
                                    

ဖြိုး

လွှာ့ ဆီ က ဖုန်းကျ သွားတာ နဲ့ ဖြိုး လဲ အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်သည်။ လွှာ အပေါ် တင်တင်စီးစီး ဆက် ဆံ နေတယ် ဆိုတာ ဘယ်သူ များ ဖြစ်နိုင်မလဲ လို့ တွေးလိုက်မိတော့ ရင်ထဲကို မီးစ နဲ့ ထိုးလိုက်သလိုပင် ခံစားလိုက်ရသည် ။ ဖြိုး လို TomBoy တယောက် နဲ့ ယှဉ် လာရင် ဖြိုး က အရာရာမှာ နောက်ကျ ကျန်ခဲ့မယ် ဆိုတာကို လဲ ဖြိုး နားလည်သည်။

( လွှာ အပေါ် အဲ့ဒိ လူ တကယ် အချစ်စစ် နဲ့ ချစ်ပါစေလို့ ဖြိုး ဆုတောင်းပါတယ် လွှာရယ် ။ ဒါမှလဲ လွှာ အပြုံးလေးတွေ လန်းဆန်းလာမှာလေ ။ လွှာ ကိုယ်တိုင်ကလဲ သဘောကျနေတဲ့သူ ဆိုတော့ လွှာ အတွက် ပျော်ရွှင် စရာ တွေ ပဲ ဖြစ်လာမှာပါ။)

အိပ်ရာပေါ် လှဲနေရင်း ဘယ်လို အိပ်ပျော်သွားသည် မသိ ဖြိုး လန့်နိုးတော့ ည ၉ နာရီပင် ခွဲနေပြီမို့ ရေချိုးဖို့ အမြန်လုပ်လိုက်သည် ။ မနက်က ချက်ထားတဲ့ ထမင်းတွေ ဟင်းတွေ ကျန်နေတာမို့ အဲ့‌နဲ့ ပဲ စားတော့မယ်ဟု တွေးလိုက်သည်။

ရေမိုးချိုး ဘုရားရှိခိုး ပြီးတော့ လွှာ့ဆီ ဖုန်းခေါ်လိုက်တော့

* လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်း မှာ ဖုန်းပြောနေပါသဖြင့် ခေတ္တ ခဏ စောင့်ဆိုင်းပေးပါ* ဆိုတဲ့ အသံက
ဖြိုး နားထဲ ကို ဝင်လာသည်လေ။

စိတ်ထဲ ဝမ်းနည်းသလို ခံစားလိုက်ရပေမယ့် ဖြိုး ရဲ့ ဖုန်းကြောင့် လွှာ အတွက် အနှောက်ယှက် ဖြစ်မှာ စိုးလို့ ဖုန်းကို ချလိုက်ပြီး ဆက်မခေါ်တော့ဖို့ စဉ်းစားကာ ဖုန်းကို silent လုပ်လိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်တော့သည်။

----------------

လွှာ

မေမေ နဲ့ ဖုန်းပြောနေတုန်း ဖြိုး ဆီ က phone call ဝင်လာတာ မို့ မေမေ့ ကို စကားစ ဖြတ်လိုက်ပြီး

* မေမေ လွှာ အိပ်ချင်နေပြီ မနက်ဖြန်ကျ အလုပ်လဲ သွားရအုံးမှာ မို့ * တခါ မှ မလိမ်ဖူးပါပဲ လွှာ ဘာကြောင့်မှန်းမသိပဲ လိမ်လိုက်မိသည်။

* အေး အေး သမီး အိပ်ချင်လဲ အိပ်တော့လေ မေမေ လဲ အိပ်တော့မယ် *

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now