အပိုင်း (၆)

133 7 0
                                    

တစ်မနက် လုံး ငြိမ်ငြိမ်လေးနေပြီး အကိုက်ခဲပျောက်ဆေး တွေ သောက်လိုက်တာကြောင့် ထင်ပါရဲ့ ဖြိုးရဲ့ ခေါင်းက မနက်က လောက် အခြေနေ မဆိုးတော့တာမို့ စက်ရုံ သို့ သွားရန် စဉ်းစားလိုက်သည်။( ကိုယ့် ရဲ့ အကြည်ဓာတ်လေးကို လဲ မြင်ချင်တယ်လေ)

ထို့နောက် ကိုစိုင်း ဆီ သို့ ဖုန်း ခေါ်ပြီး ညနေ ပိုင်း အလုပ်လာမယ် ဟု ပြောတော့ ကိုစိုင်း က သက်သာ အောင် အကင်းသေအောင် နားခိုင်းပေမယ့် ကျဲကျဲ အဆင်ပြေတာကို အကြောင်းပြပြီး ဆင်းမယ် လို့ ပြောလိုက်‌မိသည်။ တကယ် လဲ အဲ့ဒိအကြောင်းလဲ ပါတယ်လေ။

ဖုန်းချပြီး နာရီ ကို ကြည့်လိုက်တော့ ၁၂ နာရီ ၁၅ မီးနစ် ဖြစ်နေပြီ မို့ အလုပ်မှာ ထမင်းစားနားပြီး ဟု သိလိုက်ရပြီး အဝတ်စား လဲ ကာ စက်ရုံသို့ စက်ဘီး လေး နဲ့ ထွက်လာလိုက်လေ သည်။

တစ်လမ်း လုံး အတွေး ထဲ မှာတော့ ဟို အမျိုးသမီးလေး ရဲ့ စကားပြောပုံလေးနဲ့ ကိုယ်သင်းနံ့ လေး တွေ ပဲ စွဲထင်နေမိသည်။ အတွေး လွန်နေလို့ ထင်ပါရဲ့ Taxi တစ်စီး နဲ့ တိုက်မိမလို့ ဖြစ်တော့ ဖြိုး ဘက် က မှားနေတာ မို့ Driver က ရစရာမရှိအောင် ဆဲတာကို ခံလိုက်ရသေးသည်။

အတွေး တွေ ကို မောင်းထုတ် ပြီး နောက်တခေါက် ထပ်ဖြစ်မှာစိုးရိမ် မော်တာ စက်ဘီး လေးကို ဂရုစိုက်ပြီး အလုပ်မြန်မြန်ရောက်အောင် မောင်း လိုက်တော့သည်။
---------------------
* မမျိုး ရေ မြင့်မြတ်ဖြိုး ရဲ့ leave from က half ,ပဲ တင်လိုက်တော့ *

* ဘာဖြစ်လို့လဲ ကိုစိုင်း*

*သက်သာ လို့ တဲ့ သူ့ ကျဲကျဲ က အဆင်မပြေတော့ သူလာခဲ့ပါမယ့် ဆိုပြီး လာနေတယ် *

* ရော် ဒီ ကလေး နယ် ခက်ပြီ ၊ နေမကောင်းတာတောင် ခွင့် က အပြည့်မယူဘူး ၊ ဟုတ် ....ဟုတ် ကိုစိုင်း*

မမမျိုး က ဗျစ်တောက် ဗျစ်တောက် ပြောပြီး ကိုစိုင်းကိုလဲ ပြန်ဖြေရှာသည်။ ကြောဘက်မှ ကိုစိုင်း အသံ တိတ် သွားတာမို့ ပြန်သွားပြီ ဟု သိလိုက်ရတော့

* မမမျိုး အဲ့ မြင့်မြတ်ဖြိုး ဆိုတဲ့ တစ်ယောက်က overtine တွေ အရမ်းဖျော်တယ်နော် *

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now