အပိုင်း (၁၀)

104 7 0
                                    

စက်ရုံ ရောက်တော့ ထူးထူးဆန်းဆန်း အလုပ်ကို စောစော ကြိုရောက်နေတဲ့ ကိုစိုင်းကို လုံခြုံရေး ဂိတ် မှာ တွေ့လိုက်ရတာ မို့ ရုံးပေါ် ကို အမြန်တက်ခဲ့လိုက်သည်။

" မမမျိုး ဒီနေ့ ဘာရှိလို့လဲ "

လွှာ့ ထက် အရင် ကြိုရောက် နှင့် နေတဲ့ မမမျိုး ကို မေးကြည့်လိုက်သည်။

" ဘာကို လဲ လွှာ ရဲ့ အဆုံးမရှိ အစ မရှိ နဲ့ "

လွှာ့ အမေး ကို နားမလည် တဲ့ ပုံ နဲ့ ပြန်မေးလာတာ မို့

" အောက် မှာ ကိုစိုင်း ကို တွေ့ခဲ့လို့လဲ အစောကြီးရောက်နေတာမို့ အကြောင်းတခုခု များ ရှိလို့လား မေးကြည့်တာ "

" အော် ဘာမှ မရှိပါဘူး ဝင့်လွှာ ရဲ့ ဒီနေ့ ကားလမ်းကြော ရှင်း လို့ စောစော ရောက်နေတယ် ထင်တာပဲ "

"အော် "

စကား စ ပြတ်သွားသည် မို့ လွှာ လဲ computer ကို ဖွင့်လိုက်ပြီး စာရင်းစစ်စရာ ရှိတာ တွေ စစ်နေလိုက်သည်။

လိုင်းထဲ သွားရမှာကို လွှာ စိတ်ကို စောနေသည် ။

" ဒီနေ့မှပဲ ၇ နာရီ ထိုးဖို့ က ဒီလောက်ကြာနေရလား "

" ဘာပြောလိုက်တာလဲ ဟင် လွှာ "

မမမျိုး အမေးကြောင့် နှုတ် မှ ပင် ရေရွတ် မိ သွားတာကို သိလိုက်ပြီး

" ဟို ဘာ မှ မဟုတ်ပါဘူး မမမျိုး လွှာ အတွေး လွန်သွားတာပါ"

" အင်း ဒီကောင်မလေး ဒီရက်ပိုင်းသိပ်မရိုးဘူးနော် ဘာလဲ ကောင်လေး တွေ ဘာတွေ ရနေပြီလား"

" အာ မဟုတ်ပါဘူး မမမျိုး က လဲ "

" အမယ် မျက်နှာ က ရှက်သွေးတွေ ဖြာနေတာ သေချာနေပါပြီ"

"ဟာ မဟုတ်ပါဘူး ဆို "

မမမျိုး က စ နေတာ မို့ စာအုပ်တွေကောက်ကိုက် လိုက်ပြီး ထိုင်‌‌ေနရာ ကနေ လွှာ ကမန်းကတမ်း မတ်တပ် ထရပ် ကာ လှည့်ထွက်လိုက်မိသည်။

"အင့် " တယောက် ယောက် ကို ဝင် တိုက်မိပြီး လဲ ကျ မလို ဖြစ်သွားတာမို့ တိုက်မိတဲ့ တယောက်က ဖမ်းထိန်းတာ ကို ခံလိုက်ရတာမို့ မော့ကြည့် လိုက်တဲ့ အခါ

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now