အပိုင်း (၄)

103 4 0
                                    

ဖြိုး လဲ ပေဝင့်လွှာ အကြောင်းကို ဆက်မတွေးတော့ပဲ မီးလာတုန်းလေး ထမင်းပေါင်းအိုးလေး တည်လိုက်ကာ ရေမိုးချိုးလိုက်တော့သည်။

ရေမိုး ချိုး ထမင်းစားပြီးလို့ နာရီ ကြည့်လိုက်တော့ ည၇ နာရီ ထိုးတော့မှာ နေ့တိုင်းလုပ်နေကျအတိုင်း  မေမေ့ ဆီ ဖုန်းဆက်ကန့်တော့ သည်။ မေမေ က လဲ ထုံးစံအတိုင်း ဆု တွေ အများကြီး ပေးရှာသည်။

လူကြီး ဆိုတော့ လဲ ထုံးစံ အတိုင်း (နောက်ဘဝ ယောကျာ်း ဖြစ်ရင်လဲ ယောကျာ်းစစ်စစ် ဖြစ်ပါစေ မိန်းမ ဖြစ်ရင်လဲ မိန်းမ စစ်စစ် ဖြစ်ပါစေ ) ပဲပေါ့

မေမေ့ ဆီက အဲ့လို စကားသံ တွေ ကြားရင် ဖြိုး ငိုချချင်လာအောင် ဝမ်းနည်းရ၏၊ ဒါက လဲ နေ့စဉ် နေ့တိုင်း ကို မေမေ့ ဆီက ကြားရတဲ့ စကား မို့ ဖြိုး နေ့တိုင်း ကို ငို နေရသည် ဆိုလဲ ဟုတ်ပါတယ်

ပေးတဲ့ ဆု နဲ့ ပြည့်ပါစေလို့ ပြောပြီး ဖုန်းချလိုက်ကာ ပါးပြင်ပေါ် ကျ နေတဲ့ မျက်ရည်စ ကို သုတ်ပြီး ဘုရားရှိခိုးဖို့ ဆီမီး ပူဇော်ရသည်( မေမေက နယ်မှာမို့ ၇ နာရီ လောက်ဆို အိပ်ကြတယ်လေ)

ဘုရားရှိခိုး ပြီး အိပ်ရာ ထဲ လှဲလိုက်ကာ တနေကုန် ဖြိုး ပြစ်ထားတဲ့ ဖုန်းလေးကို ထုတ်ကာ Facebook ထဲ ဝင်ပြီး ဟိုကြည့် ဒီကြည့် လျှောက်ကြည့်နေမိသည်။ ဖြိုး မှာ အပေါင်းသင်း မိတ်ဆွေ ရယ် လို လဲ မယ်မယ်ရရ မရှိပါဘူး။

ဖုန်းသုံးနေရင်း ပေဝင့်လွှာကို စိတ်က သတိရသွားတာမို့ (Pay Wint Lwar) ဆိုပြီး ရိုက်ရှာလို‌က်တော့ နှစ်ယောက် မရှိနိုင် တဲ့ နာမည်လေးမို့လား မသိ။ ရှာရတာ မခက်ပဲ တန်းကျလာသည်။

အကောင့်ထဲ ဝင်ကြည့်ပြီး bio မှာ ရေးထားတာလေးက

* ဘဝ တစ်သက် တာ မှာ
  တကြိမ် တခါ လောက် တော့
စစ် မှန် တဲ့ ချစ်ခြင်း တရားတွေကို
မက်မော မိ တဲ့ သူဆီကနေ ရချင်ပါရဲ့ * တဲ့

(အော် သူ့ မှာ သဘောကျ ရ တဲ့ သူ ရှိနေပြီ ပဲ) အကောင့် ထဲ ဆက်ပြီး ဝင်ကြည့်လိုက်တော့ ဖြိုး တို့လို့ Tom boy တွေ ကို လက်မခံပဲ သဘာဝ လွန် ဆိုတဲ့ ခေါင်းစဉ် အောက် နေပြီး မုန်းနေတဲ့ သူ မှန်း ပိုသေချာ သိလိုက်ရသည် ။

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now