အပိုင်း (၂)

128 6 0
                                    

အော့တစ် ရောက်လာမှာ မို့ စက်ရုံ ထဲ လိုက်ပြဖို့ ကိုစိုင်း က လိုက်သွားလေသည်။

လွှာ လဲ လုပ်နေတဲ့ အလုပ်တွေကို လတ်စသတ်လိုက်ပြီး မမျိုး တို့နဲ့ အတူ ဧည့်သည် တွေ ကို နေ့လည် စာ ကျွေး ဖို့ ဝိုင်းကူလုပ်ပေးနေတုန်းမှာပဲ
ရုံးခန်းပေါ် ကို လွှာ ကြည့်မရတဲ့ မြင့်မြတ်ဖြိုး တက်လာတာကို မြင်လိုက်ရသည်။

* ဟေ့ ဖြိုး * မမမျိုး ရဲ့ ခေါ်သံကြောင့်

*ဗျာ * သူ့ဆီမှ ထူးသံ ထွက်လာသည်။ မိန်းကလေး ဖြစ်ပြီး ဗျာ လို့ ထူးတာကို လွှာ့ အနေနဲ့ ဘဝင်မကျသလို ရွံလဲ ရွံ မိသည်။

* ကျဲကျဲ နဲ့ အဆင်ပြေပြီလား *

*မပြေပါဘူး မမျိုး ရယ် ကျဲကျဲ က သိတဲ့ အတိုင်းကို *

*အေးပါ နောက်တခါ အတိုင်မခံရစေနဲ့ *

*ဟုတ်..... ကျွန်တော် မိတ္ထူ ကူးလိုက်အုံးမယ်နော်*

မြင့်မြတ်ဖြိုးက ပြောပြီး မိတ္ထူစက် ရှိရာ ကို လျှောက်သွားသည်။

* မမမျိုး သူက ဘယ်သူနဲ့ ဘာဖြစ်တာလဲ*

အတိုင်ခံရတယ် ဆိုပေမယ့် လွှာ မသိလိုက်ပေ။

* မနက်က ဝင့်လွှာ မရောက်ခင် က ကျဲကျဲ လာတိုင်သွားတာ *

‌* ဘာဖြစ်လို့လဲ*

* မြင့်မြတ်ဖြိုး က သူ့ကို ပြန်ခံအော်လို့တဲ့ *

*ဟင် အဲ့တာလေးကို ရုံးအထိ လာတိုင်တာလာ*

* မြန်မာပြည်ထဲ လာပီး ဂန်မကျယ်နဲ့လို့ ပြောလို့တဲ့*

*အော် *

ဟုတ်တော့လဲ ဟုတ်တယ် တရုတ်‌ တော်တော်များများ က နိုင်ထက်စီးနင်းဆန်ကြသည်။ ဒါတော့ မြင့်မြတ်ဖြိုး မှန်တယ် လို့ လွှာထင်သည်။ ဒါပေမယ့် ခက်တာက လွှာ တို့ စက်ရုံမှ မဟုတ်ဘူး စက်ရုံအကုန်လုံးက တရုတ် တွေ ဆို အတော်လေး မျက်နှာသာ ပေးကြသည်။

---------------------------------
ဖြိုး လဲ မိတ္ထူ ကူးစရာရှိတော့ အမြန်ကူးပြီး အောက်သို့ပြန်ဆင်း လာသည်။ လှေကား ထိပ် ရောက်တော့ လွှာ ရှိရာ နေရာ လေးကို မျက်လုံးလေး ဝင့်ကြည့်လိုက်မိသည်။

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now