အပိုင်း (၈)

141 5 0
                                    

*မြင့်မြတ်ဖြိုး ရည်းစား ထားဖူးလား*

*ဗျာ * မမျော်လင့်ပဲမေးလာတာမို့ ရုတ်တရတ် လူ က ကြောင်တောင်တောင် ဖြစ်သွားရသည်။

* ဟိုလေ ကောင်မလေး ရည်းစားတွေ ဘာတွေ ထားဖူးလားလို့ပါ*

* ဟင့်အင်း မထားဖူးဘူးဗျ ဘာဖြစ်လို့မေးတာလဲဟင်*

‌* ဒီတိုင်းပဲမေးတာပါ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို တကယ်ချစ်ရင် ရည်းစားစကားဘယ်‌လိုပြောမယ်လို့ထင်လဲ* ဒီတိုင်းပဲမေးတာပါ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို တကယ်ချစ်ရင် ရည်းစားစကားဘယ်‌လိုပြောမယ်လို့ထင်လဲ*

* သူ ချစ်တဲ့ အကြောင်းကိုတော့ ကောင်မလေးသိအောင် လေးလေးနက်နက် ပြောပြမယ် ထင်တာပဲ *

* အော် *
ဖြိုး ရဲ့ အဖြေကြောင့် ပေဝင့်လွှာတစ်ယောက် တိတ်ဆိတ်သွားပေမယ့် စိတ်‌မကောင်းဖြစ်သွားတဲ့ အရိပ်အယောင်တွေက အထင်းသားပေါ်လွင်နေတာမို့

* ဘာဖြစ်လို့လဲ ဝင့်လွှာ ကို ရည်းစားစကားပြောတဲ့သူရှိနေပြီလား*

‌* ရည်းစားစကားပြောတာမဟုတ်ဘူး ဟာ အမေးခံရတာ* ရည်းစားစကားပြောတာမဟုတ်ဘူး ဟာ အမေးခံရတာ*

* ဟမ် ဘယ်လို*

*ဟုတ်တယ် ဟာ လွှာ စိတ်ဝင်စားနေတဲ့သူက လွှာ့ကို သူ့ကိုကြိုက်နေတာလား ကြိုက်နေတယ်ဆို တွဲရအောင်တဲ့ အထင်သေးတဲ့ အနေအထားတွေပါနေတာ လွှာ က အဲ့လောက် အပေါစားဆန်နေတာလား*

လွှာ့ စကားကြောင့် ဖြိုးရင်ထဲ နင့် ခနဲ ဖြစ်သွားရသည်။ (အော် သူမ မှာ စိတ်ဝင်စားနေတဲ့သူ ရှိတယ်တဲ့လား) မျက်နှာ မပျက်သွားအောင် ထိန်းရင်း)

*အဲ့တော့ ဝင့်လွာက ဘာပြန်ပြောလိုက်လဲ*

*အဲ့လောက် အပေါစား မဆန်းဘူးလို့ ပြောလိုက်တယ် သူ က တော့ လွယ်မယ့် ပုံ မဟုတ်ဘူး ပြီးတော့ ပြောသေးတယ် သူ့ကို ငြင်းတဲ့ မိန်းမ ဘယ်သူ မှ မရှိခဲ့ပဲ လွှာ့ လို ဘာမှ မဟုတ်တဲ့ သူက ငြင်းတာ က သူ့မာန ကို စော်ကားတာတဲ့*

လွှာ ပြောတာတွေကို နားထောင်ရင်း ဘယ်လိုအကြံပေးရမှန်းတောင် ဖြိုး မသိပေ။ ဖြိုးသိတာက တော့ လွှာပြောနေတဲ့ အမျိုးသား သည် လွှာ အပေါ် လေးလေးနက်နက် မရှိဘူးဟုတော့ ခံစားမိနေသည်။ လွှာ မျက်ဝန်းတွေက တော့ ထို လူ အပေါ် မှာ တိမ်းယိုင် နေတာ ကို အရှင်းသား ပင် မြင်နေရသည်။ အော် မြင့်မြတ်ဖြိုး ရယ် မင်းဘဝ က နိဒါန်း မစခင် ထဲက နိဂုံး ချုပ်နေပြီ ပဲ ။ ( အင်းပေါ့လေ သူမ ရဲ့ အချစ်ကို မရနိုင်ပေမယ့် ရင်ဖွင့်ဖော် သူငယ်ချင်းတစ်ယောက်အနေနဲ့ သူမ ဘေးမှာ နေခွင့်ရတာကိုပင် ဖြိုးကျေနပ်ပါတယ်လေ)

တုနှိုင်းမဲ့ သစ္စာWhere stories live. Discover now