Dark ( or ) မုဆိုးဖို

6.4K 46 0
                                    

Unicode...

Dark ( Or ) မုဆိုးဖို

                              Part - 1

ညားခါစဇနီးမောင်နှံနှစ်ဦးပျားရည်ဆမ်းခရီးလေးထွက်မိခဲ့ရာ...မထင်မှတ်သည့်ကံကြမ္မာ
ကြောင့် ကားမှောက်ခဲ့ရသည်...ဇနီးဖြစ်သူအတွက်တော့စိတ်မကောင်းစရာ ထိုနေရာ၌ပင်
အစက်ဆုံးရှုံးခဲ့ရသည်...ယောက်ျားဖြစ်သူက
ကျန်ခဲ့သည်...ယခုဆို နေဝန်းမဟာ သည် ဆေးကုသခံယူနေသည်မှာ တစ်လပင် ပြည့်တော့မည်...
အသက်က ၂၈အရွယ်ဖြစ်သည် ဆုံးပါးသွား
သည့်ဇနီးသည်ကို အရမ်းချစ်ရှာသည်...
ဘုရားသခင်ကသူတို့နှစ်ဦးကိုပေါင်းဖက်ခွင့်မပေးထားဘူးဟုဆိုရပါမည်...

" အားးးကျစ်..ကျစ်...သက်စိမ်းရော...မာမီ...
သက်စိမ်းရော..."

သတိရခြင်းခြင်း ဇနီးဖြစ်သူကို မေးသောကြောင့်
ဒေါ်ဧကရီက ဖြေရခက်သည်...

" သား...သတိရလာပြီးလား...စိတ်ကိုအေးအေး
  ထားနော...ကျန်တာနောက်မှတွေး..."

" ကျနော့် မိန်းမကိုမှမတွေ့ရသေးတာဘယ်လို
စိတ်အေးနိုင်မလဲ မာမီ...ကျနော်မေးနေတယ်
လေးမာမီ...သက်စိမ်းရောလို့..."

" သက်...သက်စိမ်းကမရှိတော့ဘူးသားမဟာ..."

" ဟအင့်မဖြစ်နိုင်ဘူး...ကျနော်နဲ့သက်စိမ်း
ငွေဆောင်အတူသွားတာဗျ...ကျန်ခဲ့ပြီးထင်တယ်"

မဟာ လျှောက်ပြောနေသည်ကိုဒေါ်ဧကရီကြည့်ကာစိတ်မကောင်းဖြစ်ရသည်...

" သားရယ်...ဖြစ်မှဖြစ်ရလေတယ်ကွယ်..."

မဟာဆေးသွင်းထားသည်ပိုက်ကိုဖြုတ်ကာ
ဆေးရုံအပြင်ဘက်ထွက်သွားလေသည်...
တစ်လနီးနီး နေရောင်မထိသောကြောင့်အပြင်ထွက်သော်သူမူးလေသည်...သွေးအားလဲနည်းနေခြင်းကြောင့်ဖြစ်သည်...

" သား...သား..."

ဒေါ်ဧကရီ အပြေးလေးလိုက်လာသည်...မူးမေ့နေသည့်သားကို အကူများခေါ်ပြီး ဆေးပြန်သွင်းပေးလေသည်...

တစ်ဖက်တွင်မိသားစုဘဝလေးကိုရုန်းကန်နေသောမိန်းမငယ်လေးတစ်ဦး...အသက်၁၉နှစ်သာရှိသေးသည့်ကောင်မလေး မိထွေးဖြစ်သူနှင့်နေသည် မယားပါသမီးက သူမကို အရမ်းအနိုင်ကျင့်လွန်းသည်...ဖခင်ဖြစ်သူက လွန်ခဲ့သည့်၃နှစ်ကတည်းက Taxi ကားမောင်းရင်း မတော်တဆမှုနှင့်ဆုံးပါးသွားခဲ့သည်...သူမကစာသိပ်မတက်ပါ..
အတန်းပညာလေးတန်းအထိသာနေခဲ့ရသည်...
မိထွေးနှင့်မိထွေးသမီးကို ဖခင်ဆုံးပြီးကတည်းကသူမလုပ်ကျွေးခဲ့သည်...ယခုတိုင်အထိပင်...သူမနာမည်မှာလေပြေညှင်းဖြစ်သည် မယားပါသမီးအမည်မှာ ထိပ်ထားဦးဖြစ်ပြီးမိထွေးနာမည်ကဒေါ်မေခင်ဦးဖြစ်သည်...

Dark ( or ) မုဆိုးဖို Where stories live. Discover now