Dark ( or ) မုဆိုးဖို

1.7K 33 3
                                    

Unicode...

Dark ( or ) မုဆိုးဖို

                           Part - 6

မဟာ သူရိုက်ခဲ့သည်ဒဏ်ရာကို ကြည့်ပြီး
စိတ်မကောင်းဖြစ်နေသော်လဲ အချိန်က
လွန်သွားခဲ့ပြီး...သူမကျောပြင်က ဒဏ်ရာပလပွနှင့်ထပ်နေသည်...မဟာ သူမလေးအပေါ်စောင်ခြုံပေးပြီးအခန်းပေါ်ပြန်တက်သွားလေသည်...စီးကရက်ကိုဖွာကာ...ဒီညကမဟာအဖို့
ဆွေးမြေ့စေသည်...သက်စိမ်းဓာတ်ပုံလေးက
သူ့ကိုအဖော်ပြုပေးလျက်ပင်...လမိုက်ညက
တာရှည်လွန်းနေခဲ့သည်...
ညပိုင်းကုန်ဆုံးကာ မနက်ပိုင်းသို့ရောက်လာခဲ့လေသည်...
မဟာမနက်နိုးလာခဲ့ပြီးတစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီးအိမ်အောက်ဆင်းလာခဲ့သည်...

" ဒေါ်ကြွယ်...ဟိုကလေးမရော..."

" အခုထိမထွက်လာသေးဘူးသခင်လေး..."

" ဟုတ်လား ကော်ဖီတစ်ခွက် နဲ့
နွားနို့တစ်ခွက်ဖျော်ပေး..."

" ဟုတ်ကဲ့ သခင်လေး..."

ဒေါ်ကြွယ် ကော်ဖီနှင့်နွားနို့  ဖျော်ပြီးထွက်
လာသည်...

"သခင်လေး ရပါပြီး..."

" လုပ်စရာရှိတာကိုလုပ်တော့..."

" ဟုတ်ကဲ့သခင်လေး..."

မဟာ ကော်ဖီသောက်ပြီး နွားနို့ ခွက်အား
ယူပြီး လေပြေအခန်းထဲ သွားလေသည်...
လေပြေအနား မဟာသွား၍ထိုင်ပြီး...

" အခုထိမထသေးဘူးဘဲ..."

လေပြေ ကွေးကွေးလေး အိပ်နေသည်...
ငြီးသံများက တစ်ဟင်ဟင်းနှင့်အဆက်မပြတ်
မဟာသည် သူမနဖူးအား စမ်းကာ...

" ဟား...ကိုတွေပူနေတာဘဲ...လေပြေ...
လေပြေ..."

" ရေ...ရေ...ရေသောက်ချင်တယ်...
ဟင်းးးဟင်းးး"

မဟာသည် လေပြေအားထူပြီး...

" နွားနို့အရင်သောက်လိုက်ဦး..."

လေပြေ၏မျက်လုံးများ အနည်းငယ်ဖွင့်ပြီး...

" သခင်လေး...လေပြေ့ကိုမရိုက်ပါနဲ့နော...
လေပြေတောင်းပန်ပါတယ်😔😔အရမ်း
နာလို့ပါ..."

မျက်ရည်ဝဲဝဲနှင့်တောင်းပန်နေသော
သူမလေးကို ကြည့်ပြီး မဟာ စိတ်မကောင်း
ဖြစ်ရသည်...

Dark ( or ) မုဆိုးဖို Where stories live. Discover now