Dark ( or ) မုဆိုးဖို

1.7K 26 0
                                    

Unicode...

Dark ( or ) မုဆိုးဖို

                               Part-13

သူမလေး မဟာ လက်ဖဝါးနုနုလေးအားကိုင်ကာ
ပြုံးရင်းရင်ထဲကစကားသံက

( ရှင်သိပ်ကိုသနားစရာကောင်းတာဘဲ
  ဦးနေဝန်းမဟာ...)

အိမ်သို့လေပြေကိုပြန်ပို့ပြီး Company သို့
ထွက်လာလေသည်...ဖုန်းအသံက

( ဒူးးးးဒူးးးးဒူး )

" ဟယ်လို ဒေဝီပြောပါ..."

" မဟာ... အန်တီသိပ်ရက်စက်တာဘဲ..."

" ဘာကိုလဲ ဒေဝီ..."

" အန်တီကကွာ ငါ့ကိုမနက်က မောင်းထုတ်တယ်
နင်အိမ်မှာငါနေတာမကြိုက်လို့နေမယ်..."

" မဆိုင်တာ နင်က ငါ့သူငယ်ချင်းအရင်းကြီးဘဲ
ဘာမှစိတ်ညစ်မနေနဲ့...လာနေ...Ok လား..."

" နင်တကယ်ပြောတာနော..."

" အင်း ဒါဘဲနော ငါ Company သွားနေလို့..."

" Ok မဟာ..."

မဟာသည် Wallpaper တွင်တင်ထားသည့်လေပြေ၏ပုံလေးကိုကြည့်ပြီးပျော်နေမိသည်...
လေပြေသည်...ဒေါ်ကြွယ်ကိုချက်ပြုတ်ပေးရင်း

" ကြီးကြွယ်...ဒီနေ့ဘာချက်မလဲ..."

" တုန့်ရမ်းဟင်းချိုနဲ့ ငါးသလောက်ပေါင်းမယ်..."

" ဦးက ကြိုက်တာလား..."

" အင်း...သခင်လေးကအရမ်းကြိုက်တာသမီးရဲ့"

ထိုအချိန် လက်ပံ ဝင်လာခဲ့သည်...

" နှင်းမြ...နင်သိလား..."

" ဘာကိုလဲ လက်ပံ ရဲ့"

" အခုခေတ်မိန်းမတစ်ချို့က သူဌေးတွေကိုဆို
သိပ်ပြီးတွယ်ကပ်တာဟဲ့...အသားနာရင်တောင်
တွယ်ကပ်တဲ့အမျိုးပေါ့..."

" ဟယ်တကယ်ကြီးလား... အံ့သြပါတယ်အရှက်ကိုမရှိဘူးဟယ်..."

" တကယ်ကိုရှိတာနှင်းမြရဲ့...ရွံဖို့လဲအရမ်းကောင်းတာ"

လက်ပံတို့နှစ်ယောက်ပြောသည့်စကားကို လေပြေသည် ပြုံးပြီး ကြည့်နေမိသည်...
အကြောင်းရင်းက သူမကဦးကို မြူစွယ်ခဲ့သည်မဟုတ်တာကြောင့်ပင်...
တစ်ဖက်တွင် အောင်ဗလသည်...အအေးဆိုင်တွင် ထိပ်ထားဦး ကိုထိုင်စောင့်နေသည်...

Dark ( or ) မုဆိုးဖို Where stories live. Discover now