Dark ( or ) မုဆိုးဖို

1.8K 24 1
                                    

Unicode...

Dark ( or ) မုဆိုးဖို

                            Part - 12

သူမရှက်သွားပြီးမျက်စောင်းထိုးသည့်ပုံစံက
အသည်းယားစဖွယ်ပင်...

" ကဲ သွားရအောင်လေး..."

" ဟုတ်ဦး..."

လေပြေသည် မဟာခေါ်သွားသည့်နေရာကိုမသိဘဲ လိုက်သွားလေသည်... သေချာတာတော့ သဘာဝအလှကသူမ၏စိတ်ကိုအေးချမ်းစေပါသည်...

" ငေးလှချည်းလား Babe..."

" ဟုတ်ဦး...တောင်တန်းစိမ်းစိမ်းလေးတွေက
လေပြေရင်ထဲကိုအေးမြစေတယ်လေး😊😊"

" ဟုတ်လား...ဒါဆိုကိုကရော...☺☺"

လေပြေသည် မဟာကို ကြည့်ပြီး အသက်မဲ့စွာပြုံးရင်း

" နည်းနည်းပေါ့...အရင်ကလေး ဦးကကြောက်
စရာမကောင်းတော့ဘူး..."

" အရင်ကတယ်ဘဲ ကိုကကြောက်စရာကောင်းခဲ့တာလား..."

" ဟုတ် ဦး ဦးရဲ့အရှေ့ကိုတောင်လေပြေအသက်ရှူမရဲဘူး...ကြောက်လို့..."

" အခုရော..."

" အခုက ဦးကိုကျားရိုင်းလို့ထင်ထားခဲ့ပေမဲ့
ကျားရိုင်းမဟုတ်ဘဲ ကျားပေါက်လေးဖြစ်နေ
တာချစ်စရာလေး..."

မဟာ အသံမထွက်ဘဲရယ်မိသည်...

" ဒါနဲ့ဦးဘယ်သွားနေတာလဲ..."

" ရောက်ရင်သိရမှာပေါ့ကွာ..."

မဟာနှင့်လေပြေထွက်လာခဲ့သည်မှာ အိမ်နှင့်
အရမ်းဝေးကွာခဲ့ပြီးဖြစ်သည်...
ဒေဝီသည် အိပ်ရာမှထသော် မဟာကို မတွေ့သောကြောင့်...

" လက်ပံ...နင့်သခင်လေးရော..."

" သခင်လေးက လေပြေနဲ့မနက်အစောကြီးကတည်းကထွက်သွားကြတယ်...ဘယ်ကို
သွားမှာလဲလို့မေးတော့ဘာမှမပြောဘူးမမလေး"

" စောက်ကောင်မ...ငါ့အပိုင်ကို မြူစွယ်နေတယ်..."

" ဟုတ်ပါ့ မမလေး အဲ့ကောင်မကိုမှတ်လောက်
သားလောက်အောင်လုပ်ပစ်လိုက်ပါ..."

" မပူနဲ့လုပ်ကိုလုပ်ဦးမှာ...ငါအားတဲ့တစ်နေ့အဲ့ကောင်မကို လုပ်ပစ်ဦးမယ်..."

Dark ( or ) မုဆိုးဖို Where stories live. Discover now