Dark ( or ) မုဆိုးဖို

2K 30 2
                                    

Unicode...

Dark ( or ) မုဆိုးဖို🚨

                           Part - 8

သူမလေးစောင်ကိုခြုံလိုက်ပြီး ဘေးတစ်စောင်းအိပ်ကာ အသံတိတ်လေး ငိုနေတော့သည်...
မဟာတော့ပျော်သည် သူခူးလိုက်သည့်ပန်းက
ပန်းရိုင်းလေးတစ်ပွင့်ဖြစ်နေသည်လေး...
သေချာပါသည်...မဟာသူမလေးကိုစိတ်ရှည်နိုင်သမျှစိတ်ရှည်ချင်ပါသည်...သို့သော်စနေသားဖြစ်နေ၍စိတ်ကဆက်နေပြန်သည်...သို့သော်
လေပြေအရှေ့တွင် အရင်ကလောက်စိတ်မဆက်နိုင်တော့ပါ...မနက်ဖြန်ကစပြီးတော့😊😊😊

မနက်ပိုင်းသို့ရောက်လာခဲ့သည်...
မဟာနိုးလာသော်...သော်မလေး ပင်ပန်းထား
ပုံရသည်..ခွေခွေလေးနှင့်သူ့အားကျောခိုင်းကာ
အိပ်နေသည်...အိပ်နေသောသူမလေးကို မဟာ
မနိုးတော့ဘဲ အပေါ်သို့ပြန်တက်သွားလေသည်...လက်ပံမြင်သော်ဒေါသတို့ကထွက်၍မဆုံးပါ...

" ကောင်မ... လက်စသတ်တော့ သခင်လေး
ကို ကြံနေတာဘဲ...မကြာပါဘူး...နင်ထွက်သွား
ရမယ်..."

မဟာအောက်ဆင်းလာပြီးလေပြေကိုမတွေ့သော
ကြောင့်အခန်းထဲဝင်သွသော်လဲမရှိသောကြောင့်
စိတိတို့ကကသိကအောင့်ဖြစ်ရသည်...

"ဒေါ်ကြွယ် ဟိုကလေးမရော..."

" မတွေ့မိဘူးသခင်လေး...ခြံထဲဆင်းသွားတယ်ထင်တယ်..."

မဟာသာ်...ကြားခြင်း လိုက်သွားလေသည်...
တွေ့လိုက်ရသည့်မြင်ကွင်းက...

" မင်းဒါဘာလုပ်နေလဲ..."

" 🙂🙂ရှင်ပန်ခွင့်မပြုတဲ့ပန်းကိုခူးပြီးပန်နေတာ
လေး..."

" မပန်ရဘူး ဒိပန်းတွေက သက်စိမ်းအတွက်ဘဲ"

" ဦးနေဝန်းမဟာ...ကျမက ရှင့်ရဲ့မိန်းမတစ်ယောက်ဘဲလေး...ဒါကြောင့် ဒီပန်းကို ကျမပိုင်
ဆိုင်ခွင့်ရှိတယ်..."

" ဘယ်သူပြောလဲ မင်းကငါ့မိန်းမပါလို့...
မင်းက ငါရဲ့ အပျော်မယားဘဲမဟုတ်လား..."

" ရှင် အပျော်မယား ဟုတ်ပါတယ်...ဒါမဲ့...
ရှင်ပိုင်သမျှ ကျမပိုင်ရမယ်...ဒါရှင်ဖြစ်စေချင်
တဲ့ ငွေမက်တဲ့ မိန်းမပုံစံဘဲမဟုတ်လား..."

Dark ( or ) မုဆိုးဖို Where stories live. Discover now