Dark ( or ) မုဆိုးဖို

1.8K 26 4
                                    

Unicode...

Dark ( or ) မုဆိုးဖို

                            Part - 11

သူမဗိုက်ဆာသောကြောင့်ထမင်းနှင့်ငါးဟင်းအရည်ကျဲကျဲကိုနှယ်ကာစားလိုက်သည်...
မိထွေးအိမ်မှာလိုတော့ ထမင်းအဖြူသက်သက်
မဟုတ်သည်ကိုဘဲသူမကျေးဇူးတင်မိပါသည်...
သို့သော်လဲသူမဒီအိမ်ကြီးထဲ ဒုက္ခများနေရသည်မို့ ထွက်ပြေးချင်မိသည်...
သူမထမင်းစားပြီးသော်...ဒေါ်ကြွယ်အား တွေ့သော်...

" ကြီးကြွယ်...ကြီးကြွယ် ထပါဦး...
လက်ပံရေ့ လက်ပံ လာပါဦး...ကြီးကြွယ်
ဘာဖြစ်တာလဲမသိဘူး..."

လက်ပံသည် အပြေးလေးလာခဲ့သည်...

" ဟဲ့ကောင်မ နင်ငါ့အဒေါ်ကိုဘယ်လိုလုပ်လိုက်
တာလဲဟမြး...."

" ဒီမှာလက်ပံ လေပြေ ကြီးကြွယ်လဲနေတာတွေ့
လို့ လက်ပံကိုခေါ်တာလေး..."

" ဘာမှရှင်းပြမနေနဲ့လေပြေ...ငါနင့်ကို မယုံဘူး
နင်က ကလိမ်ကကျစ် မဘဲလေပြေ..."

" 😊😊ဟုတ်လား...နေရင်းထိုင်ရင်းတောင်
ဘွဲ့တစ်ခုရသွားတာဘဲ...ဒီမှာလက်ပံ ကြီးကြွယ်
နေလို့မကောင်းလို့ ငါငြိမ်နေလိုက်မယ်...
အေထပ်ပြီး ငါ့ကိုပြောရင်တော့နင့်ပါးကွဲဖို့သာ
ပြင်ထား  ..."

" ကောင်မ ငါ့အဒေါ်ကိုလုပ်ကြံပြီးငါ့ကိုပါနင်က
အာခံနေတာလားဟမ်း..."

လက်ပံသည် အဒေါ်စိတ်ကြောင့်ဒေါသထွက်ကာ လေပြေ၏ဆံပင်ကိုဆွဲကာပါးရိုက်သည်...
လေပြေသည်လဲ နေ့လယ်က ဒေဝီကိုအခဲမကြေ
သည့်စိတ်နှင့်ပိုဒေါသထွက်ကာလက်ပံ၏
မျက်နှာကိုကုတ်ခြစ်လေသည်...ပြီးသော် လုံးထွေးကာ လက်ပံကို ပါးရိုက်ပြန်သည်...

" ငါ့ပါးကို ရိုက်တယ်...ငါနာတယ်...ဖြန်းးး
အေငါလဲလူဘဲ နာတယ်မလား ကိုယ်ချင်းစာ"

လေပြေသည်အပေါ်မှခွကာလက်ပံကိုစိတ်ရှိလက်ရှိဆံပင်အားရစ်ခွေကာဆွဲပြီးပါးရိုက်လေသည်...လက်ပံသည်လဲ အရှုံးမခံဘဲ ပြန်လုံးကာ
လေပြေကိုရိုက်သည်...တစ်ယောက်နှင့်တစ်ယောက်အားပြင်းစွာရိုက်ကြသည်...တစ်ခြားအကူများ ဝင်တားလဲမရ ဒေဝီသည်...

" မသွားနဲ့ ရှိပါလေ့စေ..."

လေပြေသည်ဒေဝီအသံကြားသော် ဒေဝီဆီဦးတည်လာကာ ပါးစပ်ထဲမှထွက်နေသည့်သွေးကိုတံထွေးနှင့်ရောထွေးကာ ဒေဝီ၏မျက်နှာပြင်ပေါ်
သို့ထွေးလိုက်သည်...

Dark ( or ) မုဆိုးဖို Where stories live. Discover now