Dark (or ) မုဆိုးဖို

1.7K 26 2
                                    

Unicode...

Dark ( or ) မုဆိုးဖို

                            Part - 10

လေပြေသည် မိန်းမချင်းမို့ ဒေဝီ၏မျက်လုံးအပြောကိုဖတ်ကြည့်သည်...သေချာပါသည်
မဟာကို ဒေဝီ ချစ်နေသည် အပြင်ပိုင်းကသာ
သူငယ်ချင်းဖြစ်သည်...ပြန်ခံစားအောင်လုပ်မည်ဆို၍ အပြင်လူက ထပ်ပါရ၍သူမစိတ်ညစ်ရပြန်သည်...မဟာသည် ဒေဝီအားနှုတ်ဆက်ပြီး
Company သို့ သွားလေသည်...လေပြေသည်...
မဟာ အဝတ်များကိုယူပြီးလျှော်ရန်လုပ်နေစဉ်..

" ဟိတ်ကလေးမ..."

" ဟုတ်ကဲ့...အစ်မပြောပါ..."

" နင့်နာမည်ဘယ်လိုခေါ်လဲ..."

" လေပြေညှင်းပါ..."

" Ok...လေပြေ တို့က ဒီအိမ်မှာလာတည်းတယ်
ဆိုတော့ တို့ အဝတ်တွေကို မင်းလျှော်ရမယ်နော..."

" ဟုတ်ကဲ့ အစ်မ လေပြေလျှော်ပေးပါ့မယ်..."

" နောက်တစ်ခုက နင် မဟာနဲ့ဝေးဝေးနေပါ..."

" ဘာဆိုင်လို့လဲအစ်မ..."

" သိပ်ဆိုင်တာပေါ့...မဟာကငါ့အပိုင်မို့လို့လေး"

" ဟုတ်လား...ကောင်းပါပြီး ဒါဆိုလဲ
ဦးကိုသာ လေပြေ့အနားမကပ်အောင်
ပြောထားပေါ့..."

" မဟာကအေးဆေးပါ...နင်က မဟာကို
ချစ်နေတာဆို..."

" ဒါပေါ့...ချစ်တာကိုချစ်တယ်လို့မပြောရင်
ရင်ထဲဆို့နစ်နေလို့ပါပြောလိုက်တော့
ရင်ထဲကအလုံးကြီးကျသွားတာပေါ့🙂🙂"

ပြုံးက မတုန်လှုပ်ဘဲ လေပြေ ပြန်ပြောမိသည်...

" အိမ်ဖော်မ...နင်လင်အဲ့လောက်ရှားလား..."

" 😊😊ဒါပေါ့ ဦးဆိုတဲ့ နေဝန်းမဟာက
လေပြေ့အတွက်ရှားပါးပစ္စည်းတစ်မျိုးဘဲ"

" နင်...နင်တော့..."

" ဘာလဲ ရိုက်ချင်လား...ရတယ်လေး...
ရိုက်လိုက်ပါ...😊😊လေပြေကအိမ်ဖော်မပါဘဲ"

" သွားနင်ငါ့အရှေ့ကထွက်သွား...မိန်းမပျက်မ"

" 😊😊ကောင်းပါပြီးလေပြေက မိန်းမပျက်ပါ
ဒါမဲ့အစ်မထိုးလိုက်တဲ့လက်ညိုးကတစ်ချောင်း
တည်း အစ်မဆီပြန်ထိုးမဲ့လက်ညိုးကလေး
ချောင်းမကဘူးဆိုတာ သတိရပါ..."

Dark ( or ) မုဆိုးဖို Where stories live. Discover now