Dark ( or ) မုဆိုးဖို

2.1K 31 4
                                    

Unicode...

Dark ( or ) မုဆိုးဖို (🚨ပါသည်)

                               Part - 7

" နာတယ်မလား...အေငါလဲနာတယ်...ငါလဲအသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့လူဘဲ
ငါနင့်ကိုရိုက်တာပါးပါးလေးပါ...နင်အရင်က
ငါ့ကို အနိုင်ကျင့်ခဲ့တာ ရေနွေးပူနဲ့ ပတ်ခဲ့တာ
မှတ်မိလား...အဟွန်း...နာတော့နာတယ်
အသည်းအထိနာကျင်မိတယ်...နင်တို့သားအမိ
လိုလူစားတွေကိုချီးလိုရွံတယ်...ထွီး...."

ဟုတ်ပါသည်...သူမပျော့ညံ့နေဖို့မလိုတော့ပါ...
စိတ်ရှိသည့်အတိုင်းသူမရှင်သန်နိုင်ပါသည်...
သူမ အောင့်ထားသည့်စကားလုံးများကို ဖွင့်ချ
လိုက်၍ သူမ အသက်ရှူချောင်သွားရသည်...
သို့သော်...သူမစဥ်းစားနေမိသည် သခင်လေး
အရှေ့သူမဘယ်လို သန်မာအောင်နေရမလဲဆိုသည်ကို....သူမကောင်းကင်အားမော့ကြည့်လိုက်ပြီး...

" လေပြေ သန်မာတာထက်သန်မာချင်တယ်..."

သူမပြုံးလိုက်သည်...အိမ်ပြန်ရောက်လာသော်

" သမီး ပြန်လာပြီးလား..."

" ဟုတ်ကြီးကြွယ်...သမီးဘာကူလုပ်ရမလဲ...."

" နေပါသမီးရယ်...သမီးကနေကောင်းတာလဲမဟုဆ်ဘဲနဲ့..."

" ကြီးကြွယ်...သမီးဒီနေ့နေလို့ကောင်းပါတယ်..."

" ဟုတ်လို့လား..."

" တကယ်..."

" ဒါဆိုရင် ကြီးကြွယ်ကို ပန်းပင်ရေလောင်းပေး
နော ကြီးကြွယ်မအားလို့..."

"ဟုတ်ကဲ့ ကြီးကြွယ်..."

သူမလေး ရေဖွင့်ကာရေပိုက်ကိုင်ပြီး ပန်းပင်များကိုရေလောင်းလေသည်...ထိုအချိန်လက်ပံရောက်လာပြီး...

" ဟဲ့ ကောင်မ...နင့်ကို ကြည့်ရတာ သက်သာပုံဘဲ..."

" ဟုတ်ကဲ့ လက်ပံ လေပြေ နည်းနည်းသက်သာ
လို့ပါ..."

" ငါ့ကို အဝတ်လာလျှော်ပေး..."

" ဘယ်သူ့အဝတ်လဲ..."

" ငါ့အဝတ်ပေါ့...လာစမ်းပါမေးခွန်းထုတ်မနေနဲ့"

" ဒါဆိုရင်တော့ လေပြေ မလုပ်နိုင်ဘူး..."

" ဘာ..."

" လက်ပံ ဒီအိမ်ကအလုပ်ဆိုရင်တော့
လက်ပံကူနိုင်တယ်...ဒါမဲ့ လက်ပံဝေယျာဝေ့စကိုတော့လေပြေမကူညီနိုင်ဘူး..."

Dark ( or ) မုဆိုးဖို Where stories live. Discover now