Dark ( or ) မုဆိိုးဖို

1.7K 23 0
                                    

Unicode...

Dark ( or ) မုဆိုးဖို

                               Part - 9

" အခုမဖြေနိုင်သေးပေမဲ့ ကို နောက်ဖြေနိုင်အောင်ကြိုးစားမှာပါ...ကို့အမှားတွေမင်းအပေါ်
အများကြီးဘဲ...ခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူး..."

လေပြေနှလုံးသားထဲနာကျင်ရသည်...မဟာကသူ့အမှားကိုထောက်ပြလေသူမရင်ထဲနာလေလေပင်...နာပေမဲ့သူမ မဟာကို အနည်းငယ်
ခံစားစေချင်သည်...
မနက်ပိုင်းသို့ရောက်သော်  လေပြေသည် အိပ်နေသော မဟာမျက်နှာလေးကို ကြည့်ပြီး...စိတ်ထဲမှ

( ရုပ်နဲ့မလိုက်အောင်ဘဲ ရှင်ကျမအပေါ်ရက်စက်
  လွန်းတယ် ဦးနေဝန်းမဟာ...)

လေပြေသည် မဟာ၏လည်ပင်းကိုညှစ်ရန်ပြင်နေချိန်ခေါင်းခါကာ..

( ဟအင့်မဟုတ်ဘူး...အချိန်မတန်သေးဘူး...
  ဟုတ်တယ်အချိန်နည်းနည်းလိုနေသေးတယ်)

မဟာနိုးလာသော်

" Babe နိုးနေတာကြာပြီးလား..."

" ဟုတ်ဘူး...ညကအရမ်းကြိုက်တာဘဲသိလား"

မဟာ၏ရင်ဘတ်ကိုလက်ညိုးဖြင့်ထိတွေ့ကာချွဲ ပြန်သည်...မဟာသည်သဘောကျစွာ ပြုံးလိုက်လေသည်...

" အင်းပါ...ဒီလိုကြတော့လဲ Babe ကအရမ်း
ချစ်ဖို့ကောင်းရောဘဲ...☺☺"

" တကယ်လား..."

" တကယ်ပေါ့ အရမ်းချစ်ဖို့ကောင်းတာ..."

" ချစ်ဖို့ကောင်းတယ်ဆိုရင် လေပြေတစ်ခုတောင်းဆိုချင်တယ်...ရလား..."

" အင်း...ပြောလေး...ကိုဖြည့်ဆည်းပေးမယ်..."

" ဒါဆို ဦးရဲ့ အခန်းထဲမှာ ချိတ်ဆွဲထားတဲ့
ဦးရဲ့ မိန်းမ ပုံတွေကို ပစ်လိုက်..."

" ဘာ...ဘာပြောလိုက်တာလဲမင်း..."

" တောင်းပန်ပါတယ် ဦး...လေပြေ စကားပြော
  မှားသွားပြီး..."

" တော်ပြီးကွာ...Company သွားရမယ်...မနက်စာပြင်ထားပေး..."

" ဟုတ်ကဲ့..."

" နေဦး...ဒီနေ့ကစပြီး ငါ့ဝေယျာဝေ့စဘဲမင်းလုပ်ရမယ်..."

" ဟုတ် ဦး..."

Dark ( or ) မုဆိုးဖို Where stories live. Discover now