Dark ( or ) မုဆိုးဖို

909 26 2
                                    

Unicode...

Dark ( or ) မုဆိုးဖို

                          Part-19

" ကိုရေချိုးဦးမယ်...ပြီးရင်ထမင်းအတူစားမယ်နော..."

" ဟုတ်ဦး..."

မဟာရေချိုးပြီးလေပြေနှင့်ထမင်းအတူစားလေသည်...

" ဒေါ်ကြွယ်..."

" ဟုတ်ကဲ့ သခင်လေး..."

" နောက်ဆိုအစပ်တွေသိပ်မချက်ပါနဲ့ဘာလို့ဆို
ကျနော်မိန်းမက ကိုယ်ဝန်နဲ့မို့လို့ပါ...ကိုယ်ဝန်
ဆောင်ဆိုတာက အစပ်သိပ်စားလို့ရတဲ့သူ
မဟုတ်ဘူးလေးနော...ဒေါ်ကြွယ်လဲသိမှာပါ..."

" ဟုတ်ကဲ့သခင်လေး...ဒေါ်ကြွယ်သိပါတယ်..."

" ဪဒေါ်ကြွယ်...လေပြေကို မနက်နေ့လည်ည နွားနို့နဲ့ကြက်ဥစီစဥ်ထားပေး...ပြီးတော့
အသီးအနှံတွေရောပေါ့..."

" ဟုတ်ကဲ့ပါဒေါ်ကြွယ်မှတ်ထားပါ့မယ်နော..."

တစ်ခြားအိမ်အစေများကသခင်လေးသည် ဇနီးအပေါ်ကြင်နာသည်ဟုပြောနေပြီးချီးကျူးသည်တချို့ကလဲမနာလိုသောကြောင့်လေပြေကို
ကြည့်၍မရပါ...
တစ်ဖက်တွင်...ဗလသည်...ထိပ်ထားအိမ်ရှေ့တွင်ကားရပ်၍စောင့်နေလေသည် ထိပ်ထားသည်ထွက်ဖို့လုပ်နေစဥ်...

" ဒါကဘယ်လဲ...အခုတစ်လောခြေလှမ်းတွေအရမ်းရှုပ်နေတယ်နောသမီး..."

" အမေ...ဒါက သမီးတို့ငွေပုံပေါ်ထိုင်ရမဲ့ခြေလှမ်းတွေပါ..."

" အရှေ့မှာစောင့်နေတဲ့ကောင်လေးက ပိုက်ဆံရောရှိတာသေချာလား..."

" သူပေးသမျှပိုက်ဆံတွေအမေ့ကိုပြန်ပေးနေတာ
ဒါကမရှိသေးတာလား..."

" အခုကဘယ်လဲညဘက်ကြီး..."

" Date လုပ်ဖို့လေး..."

" ထိပ်ထား...ယောက်ျားလေးဆိုတာ..."

" အမေ...ဘာမှစိတ်ပူမနေနဲ့ အဓိက ကအမေဖဲရိုက်ဖို့ပိုက်ဆံရရင်ရပြီးမဟုတ်လား..."

ထိုသို့ပြောပြီး ထိပ်ထားဆင်းလာခဲ့သည်...

" ကိုကို..."

" ထားလေး ကြာလိုက်တာကွာ..."

" ကိုကိုကလဲ မေမေကမလွှတ်လို့ပါ..."

Dark ( or ) မုဆိုးဖို Where stories live. Discover now