Part 2

8.4K 371 32
                                    

[ Pain..You made me a..You believera.. believer... believer 📱]

📱[ပြောဘာလဲ]
[အ‌ခြေအနေဘယ်လိုလဲ]
[ဘာကိုလဲ ငါ‌ခုမှရေချိုးပြီးတာနော် အင်္ကျီတောင်မဝတ်‌ရသေးဘူး လေဖြတ်ရင်မင်းတာဝန်ယူရမှာ။]
[လေဖြတ်တော့ကောင်းတာပေါ့မင်းအမွေတွေအပိုင်သိမ်းလို့ရတာပေါ့]
[မင်းအပိုင်သိမ်းချင်ရင် ငါသေရုံနဲ့တော့မရဘူး ငါ့ဒယ်ဒီကိုယူမှရမှာ]
[မင်းမေလင် ကိုယူပါ့လား]
[အေးလေ ငါ့ဒယ်ဒီပါဆိုငါ့‌အမေရဲ့လင်မဟုတ်လို့ မင်းလင်လား]
[တော်စမ်းပါ ငါမေးတာသာဖြေ မင်းကားကိစ္စအခြေအနေဘယ်လိုရှိလဲ ဦးသိသွားလား]
[No.ဒယ်ဒီ ဒီရက်ပိုင်းအိမ်ပြန်မလာဘူး အာ့ကြောင့်ငါဝက်ရှော့ကိုပို့ထားတယ်]
[အော် ဒါနဲ့မင်းကားက ဆေးနည်းနည်းပွန်းပြီးမီးသီး‌တစ်လုံးပဲကွဲတာကို ဘာကိစ္စ သိန်းငါးရာတောင်းလိုက်တာလဲ အားနာစရာကြီး ငါကမင်းတင်းပြီးမတောင်းဘူးမှတ်နေတာ မင်းတောင်းတော့ငါ့မှာမျက်နှာတွေပူလို့]
[စောက်ချိုးမပြေလို့ကိုတောင်းတာကွာ အဲ့ကောင်ကိုငါမှတ်ထားတယ် တွေ့တာနဲ့သတ်မှာ]
[မင်းကသူ့ကိုသတ်ရအောင်မြင်တောင်မမြင်ဘူးပဲနဲ့]
[မမြင်ရလဲအနံ့မှတ်မိတယ် ငါတို့ကားမှန်သွားခေါက်တုန်းကအနံ့ရလိုက်တယ်]
[မင်းကဘာအနံ့ရတာလဲ ငါတော့ဘာမှမရပါဘူး သူကကားပေါ်ကမှမဆင်းတာ မင်းရတဲ့အနံ့ကဦးလေးကြီးအနံ့ဖြစ်နေပါဦးမယ်]
[အဲ့ဦးလေးကြီးက betaလေမင်းမမြင်ဘူးလား ငါသေချာတယ် အဲ့ကောင်ရဲ့အနံ့ဆိုတာ]
[ဘာအနံ့လဲငါ့ကိုပြောပြ .....ဟဲ့ရောင်ခဏလေးသီရိငါ့ကိုဖုန်းခေါ်နေတယ်ကွဒါပဲနော်]
"အော် သူ့မယားဖုန်းဆက်တာနဲ့ တန်းကနဲပဲ ငါ့ကိုပလစ်တာ .....ဘာအနံ့လဲတဲ့ ဟက် မင်းတွေ့ရမှာပါကွာ အဲ့ကောင်ကိုငါဘယ်လိုအရည်ခွံစုတ်မလဲဆိုတာ"
____________
📱[Hello.သီရိ ဘာကိစ္စရှိလို့လဲဟင်...]
[ကိုကိုသီရိကိုကယ်ပါဦး သီရိဒုက္ခရောက်ပြီကိုကိုရဲ့]
သီရိရဲ့အသံကတုန်ပြီးအရမ်းလန့်နေတဲ့ပုံကြောင့် စိတ်အရမ်းပူမိတယ်
[သီရိ ကိုအခုလာခဲ့မယ်နော် သီရိ ဘယ်မှာလဲ]
[ကိုကို Midnight Hotel ကိုသိတယ်မလား အဲ့ကိုလာခဲ့ပေးပါနော် သီရိတံခါးသော့မခတ်ထားဘူး ကိုကိုမြန်မြန်လာပါ သီရိကြောက်တယ်]
[ကိုကိုခုလာပြီနော် စိတ်အေးအေးထား]
အရမ်းစိတ်ပူလာတာကြောင့် ချက်ချင်းလမ်းထိပ်ထွက်ပြီးtaxiငှားလိုက်တယ်
"ကျွန်တော့်ကို Midnight Hotel ဆီပို့ပေးပါနော် မြန်မြန်လေးမောင်းပေးပါဗျာ အရေးကြီးလို့"
သီရိအဆင်ပြေပါ့မလားဆိုတဲ့အတွေးကြောင့်လူတစ်ကိုယ်လုံးလည်းချွေးစီးတွေပါပြန်လာတယ်။
_
_
_
"ရောက်ပြီသားလေး ၁၅၀၀၀ကျတယ်နော်သား"
"ဟုတ်ကဲ့ဦးလေး ဒီမှာတစ်သောင်းခွဲပါ"
လူတစ်ကိုယ်လုံးပူထူနေတာကြောင့်ကိုယ့်ကိုကိုယ်စိတ်ငြိမ်အောင်ထားကာ reception counter ကိုအမြန်သွားပြီး
"အမ ဒီမှာ သီရိမိုးမြင့်ဆိုတဲ့နာမည်နဲ့ ငှားထားတဲ့ အခန်းကိုပြောပြပေးလို့ရလား"
"မောင်လေးနာမည်ကဘယ်သူလဲ အရင်ပြောပြပေးပါနော်"
"ကျွန်တော့်နာမည်က သုတပါ"
"ဟုတ်ကဲ့ သုတဆိုတဲ့ နာမည်ကိုဧည့်သည်က စာရင်းပေးထားပြီးသားမို့သွားလို့ရပါတယ် အခန်းနံပါတ်က 405/ 9လွှာ ပါရှင့် "
"ဟုတ် ကျေးဇူးပါအမ"
ဓာတ်လှေကားကလည်းခုမှအပေါ်ကိုတက်နေတာမို့ပြန်ဆင်းလာတာမစောင့်နိုင်တာနဲ့ ချက်ချင်းပဲလှေကားကနေ အမြန်တက်သွားလိုက်တယ်။စိတ်ပူတာကြောင့်မောလို့မောမှန်းတောင်မသိနိုင်လောက်အောင် 9လွှာထိ ဝရုန်းသုန်းကားတက်သွားလိုက်တယ်။9လွှာရောက်တာနဲ့ အခန်း405ကိုအလျှင်အမြန်ရှာမိတယ်
"405 405 ဟာ!!ဘယ်မှာလဲမြန်မြန်လုပ်စမ်းပါ ဟာ ဟိုမှာ 405 တွေ့ပြီ"
သီရိအားတင်းထားပါ ကိုကိုရောက်လာပြီမို့သီရိကိုကာကွယ်ပေးပါ့မယ် လို့ပဲစိတ်ထဲအခါခါရွတ်နေမိတယ်။
အခန်းကိုရှာတွေ့တာနဲ့ ချက်ချင်းပဲတံခါးဖွင့်ပြီးဝင်ကြည့်လိုက်တယ်။

LOVE POISON { Season 1 }Where stories live. Discover now