Part 9

5.4K 252 69
                                    

"အော် လာပြီပဲ ဝင်ခဲ့ပါရှင်"

"ဟုတ်ကဲ့"

"ထိုင်ပါဦးနော် သားကိုသွားခေါ်ပေးပါ့မယ်  အော် ဖေကြီးလာဒီမှာ နေသစ်ရဲ့အဖေရောက်ပြီ"

" နေသစ်အဖေရောက်ပြီပဲ"

"ကျွန်တော့်ကိုသူရိန်လို့ပဲခေါ်ပါရပါတယ်။"

"အေး သူရိန် ခုမှပဲ ခေါ်လို့အဆင်ပြေတော့တယ် "

"ရပါတယ် ဒီမှာက သိန်းတစ်ရာပါ "

"ဟမ်  ငါလိုတာက သိန်း၈၀ တည်းပါ။"

"ကျွန်တော်သိပါတယ် ကျွန်တာ်လဲ သိန်းတစ်ရာအလွယ်ထုတ်လိုက်တာပါ။"

"သားလာပါပြီ သွား သားရဲ့ဦးနားသွားထိုင်"

"ဟုတ်ကဲ့ အမေ"

"ခုလိုကူညီပေးလို့ကျွန်‌မအရမ်းကိုကျေးဇူးတင်ပါတယ်ရှင်"

"သူကသိန်းတစ်ရာ တောင်ပေးနေတာမိန်းမရဲ့"

"ရှင်! သိန်းတစ်ရာတော့မယူပါရစေနဲ့ သိန်း၈၀ဆိုတာတောင်မှကျွန်မတို့တစ်နှစ်လုံးမစားမသောက်ပဲ စုရင်တောင် မရနိုင်ပါဘူး"

"ဟုတ်ပါတယ် ဦး အပိုသိန်းနှစ်ဆယ်ကိုတော့လက်မခံပါရစေနဲ့ "

"ဒီလိုလုပ်ပါ ဒီကသိန်း၈၀ကို အကိုတို့ကပေးစရာရှိတာပေးလိုက်ပြီး ကျန်တဲ့၂၀ကို နေသစ်ကိုဂရုစိုက်ပေးခဲ့တဲ့အတွက်ပေးတယ်လို့သဘောထားလိုက်ပါ။"

"မဟုတ်တာ သူရိန်ရာ "

"ကျွန်တော်စိတ်ချမ်းသာအောင်လက်ခံပေးပါ။"

"ခုလိုပေးတာအတွက် သူရိန်ကိုကျေးဇူးတင်ပါတယ်"

"ကျွန်မဝမ်းသာလွန်းလို့ ငိုတောင်ငိုချင်လာပြီ"

"ကိုကြီး!"

"ညီမလေး !"

"ကိုကြီး ညီမလေးတို့ဆီလာလည်နော်"

"ဒါက ကိုကြီးရဲ့အိမ်ပဲ ခဏခဏ ပြန်လာလို့ရတာပဲ ဘာလို့လာလည်တယ်ဆိုတဲ့စကားလံုးကိုသုံးရမှာလဲ မဟုတ်ဘူးလား"

"အဟင့် ကိုကြီးတာ့တာနော်"

"ကျွန်တော်မသွားခင်ကန်တော့ပါရစေ"

"သုတ ဦးအပြင်မှာစောင့်နေမယ် ကျွန်တော်သွားတော့မယ်"

"ကောင်းပါပြီ  တကယ်ကိုကျေးဇူးတင်ပါတယ်"

LOVE POISON { Season 1 }Where stories live. Discover now