Part 16

4.1K 158 15
                                    

"ကျွန်တော့်သားက ခုလိုလုပ်မယ့်သူမျိုး မဟုတ်ပါဘူး ခုကိစ္စက သေချာပေါက်ထောင်ချောက်ဆင်ခံရတာပါ။"

"ကျွန်တော်တို့ဘက်ကလည်း ကူညီချင်ပေမယ့် သူကပစ္စည်းသက်သေကြီးနဲ့မိတာမို့ ပြန်လွှတ်ပေးဖို့ဆိုတာမလွယ်ပါဘူး"

"အဲ့တာ ကျွန်တော့်သားရဲ့ ပစ္စည်းမဟုတ်ဘူး
တစ်ယောက်ယောက်ကထောင်ချောက်ဆင်တာပါလို့ပြောပြီးသားလေ"

"ကိုသူရိန် စိတ်‌လျှော့ပါ ကျွန်တော်ပြောမယ်။
ကျွန်တော်က နေသစ်မဟာရဲ့ ရှေ့နေပါ။
ကျွန်တော့်အမှုသည်နဲ့ ကျွန်တော်စကားပြောချင်ပါတယ် ဦးသူရိန်လဲ အတူလိုက်မယ်။ အဲ့လောက်ကတော့ ခင်များတို့လုပ်ပေးလို့ရပါတယ်။"

"အဲ့လောက်ကတော့ကျွန်တော်တို့တက်နိုင်ပါတယ်။"
-
-
-
"နေသစ် အန်ကယ်မင်းကိုမေးတဲ့မေးခွန်းတိုင်းကိုသေချာဖြေပေးပါ သေချာစဉ်းစားနော်။"

"ဟုတ်ကဲ့"

"နေသစ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်‌မှုရှိနေတဲ့ အပေါင်းအသင်းရှိလား။သုံးတာပဲဖြစ်ဖြစ် အဲ့အကြောင်းပြောတာပဲဖြစ်ဖြစ်"

"မရှိဘူး ကျွန်တော်နဲ့ ပေါင်းတဲ့ကောင်ဆိုလို့ သုတပဲရှိတာ။"

"သုတကကော အဲ့လိုအကျင့်ရှိလား။"

"မရှိဘူး အဲ့ကောင်ကဘုရားဖြစ်မယ့်အုတ်နီခဲ"

"မေးခွန်းတွေကို သေချာအလေးထားပြီးဖြေပေးပါ။ အဲ့လိုမဟုတ်ရင် အန်ကယ်ဘာမှလုပ်ပေးလို့မရဘူး"

"ကျွန်တော် ဒီက မထွက်ရသေးဘူးလား။"

"မေးခွန်းတောင် အလေးထားပြီးသေချာမဖြေပဲနဲ့ ဒီကထွက်ချင်နေတာလား"

"ခင်များဘယ်လိုတောင်ပြောရက်တာလဲ ခင်များကျွန်တော့်နေရာမှာလာနေကြည့်ပါလား။"

"နေသစ်! ဒယ်ဒီမင်းကိုမပြောချင်လို့ကြည့်နေတာ မင်းမေးခွန်တွေကိုသေချာဖြေ အဲ့လိုမှမဟုတ်ရင် မင်းထောင်ထဲမှာသာနေတော့"

"ဒယ်ဒီကလည်းဗျာ....မေး...မေး..."

"အန်ကယ်ဆက်မေးမယ်။ မင်းမှာရန်သူရှိလား။ "

LOVE POISON { Season 1 }Where stories live. Discover now