Part 30

4.6K 209 77
                                    

"တောက်!!!!! ‌လက်တောက်လောက်ကောင်ကများငါ့ကို Rue!!!!!"

"ဗျာ ဒယ်ဒီ...."

"မင်းမြင်ပြီမလား ဟိုကောင်လွတ်သွားတာနဲ့ သူတို့က ထိပ်ထိပ်လေးကိုသူတို့သွေးသားမှန်းသိပြီး ပြန်ခေါ်ဖို့လုပ်နေပြီ"

"ဒယ်ဒီ သားတို့ဘယ်လိုလုပ်မလဲဟင် အဟင့်"

"ကျစ်! ငိုမနေစမ်းနဲ့ အဲ့ကောင်သုတအကြောင်းလုံးဝမဟသွားဘူးတွေ့တယ်မလား။ သုတမသေဘူးဆိုတာသေချာတယ်။"

"ဗျာ! ဒါဆို သုတ အသက်ရှင်တာပေါ့နော် တော်သေးတာပေါ့"

"ဘာ! မင်းကဘာကိုတော်သေးတာပေါ့လုပ်နေတာလဲ ဟိုကောင်က သူရိန်မဟာတို့ဘက်ပါသွားတာနော်"

"အဲ့တာဆိုဘယ်လိုလုပ်ရမှာလဲ ဒယ်ဒီ..."

"သူရိန်မဟာကိုတိုက်ရိုက်တိုက်ခိုက်ဖို့ကလုံးဝမဖြစ်နိုင်ဘူး သူကသွေးအေးတယ်။
နေသစ်မဟာဆိုတဲ့ကောင်ကလည်း ခုပုံကြည့်ရသလောက်မလွယ်ဘူး။ အဲ့တော့ဘယ်သူကျန်သေးလဲ။"

"သုတ..........ဒယ်ဒီ!ဒယ်ဒီပြောတော့ သူ့ကိုလွှတ်ပေးမယ်ဆို သူ့ခမျာ အရမ်းပင်ပန်းခဲ့ရတာ သူ့ကိုတော့မလုပ်ပါနဲ့တော့ ဒယ်ဒီရယ်"

"ကျစ်! မင်းထွက်သွားဝော့ာ။ယုယုဆီသွားပြီးလုပ်ငန်းအကြောင်းသာလေ့လာနေ။
မင်းတကယ့်တကယ်သာ သုတနဲ့ယှဉ်ဆို ဟိုကောင့်ခြေမှုန့်တောင်မင်းမမှီဘူး။ ရအောင်လေ့လာ ကြားလား!"

"ဟုတ်ကဲ့ ဒယ်ဒီ...."

Rueအခန်းထဲကထွက်သွားတာနဲ့ အစီအစဉ်အချို့ကို အကောင်ထည်ဖော်ဖို့စတင်ရတော့တာပေါ့။

"မိုက်ကယ်! သုတနဲ့Rueကွာရှင်းလိုက်ပြီဆိုတာ မီဒီယာပေါ်မရောက်ခင် ငါတို့ကအရင်တစ်ခုခုလုပ်ရမယ်"

"ဟုတ်ကဲ့ သခင်ကြီး"

"မီဒီယာတွေကြားထဲကိုသတင်းလွှင့်လိုက်။ အိမ်ပြာတော်ရဲ့ သမက်က တွေ့ရာလူနဲ့ဖောက်ပြန်နေလို့ သနားစရာကောင်းတဲ့ အိမ်ပြာတော်ရဲ့တစ်ဦးတည်းသော သားလေးက ကွာရှင်းဖို့ဆုံးဖြတ်လိုက်တယ်လို့"

"ဟုတ်ကဲ့ပါ သခင်ကြီး"

"ခနလေး ငါလိုချင်တာက တွေ့ကရာလူနဲ့ဖောက်ပြန်တယ်လို့ သတင်းလွှင့်ချင်တာနော် တစ်ယောက်တည်းနဲ့ဖြစ်တယ်လို လွှင့်ချင်တာမဟုတ်ဘူး နားလည်တယ်မလား"

LOVE POISON { Season 1 }Where stories live. Discover now