Part 14

4.2K 173 20
                                    

"Boss မြန်မာဘက်က မဟာလုပ်ငန်းစုတော်တော်များများမှာ စတော့ရှယ်ရာတွေထိုးကျနေပါတယ်။"

"ဘယ်လိုဖြစ်တာလဲ ငါမလာခင်ကထိ အကုန်အဆင်ပြေနေတယ်လေ"

"ဟုတ်ပါတယ် အခုက ကောလဟာလသတင်းအချို့ပြန့်နေပါတယ်။"

"ဘာသတင်းလဲ။"

"ဟို....ဟိုဟာ..."

"ပြောပါ တွန့်ဆုတ် တွန့်ဆုတ်လုပ်နေလို့ ဘာမှ မထူးလာဘူးလေ"

"Bossရဲ့သား ကိုနေသစ်မဟာ နဲ့ပတ်သတ်ပြီးပျံ့လာတဲ့ သတင်းအချို့ပါ။"

"ဘယ်လို! သေချာပြောစမ်းပါ ငါ့ကို"

"ကိုနေသစ်က ဟို..."

"ကျစ်...ပြောမှာဖြင့်ပြော! ငါ့သားဘာဖြစ်တာလဲ"

"သူ..သူဆေးစွဲနေတယ်ဆိုပြီး ကောလ‌ဟာလတွေပြန့်နေပါတယ်။"

"ဘာကွ!"

"ပြီးတော့..."

"ဘာထပ်ရှိနေသေးတာလဲ"

"ဟို ဆေးပါဖြန့်တယ်တဲ့"

"အဲ့ ကောလဟာလ ဘယ်ကစလာလဲဆိုတာခုသိချင်တယ် ငါ့သားက အဲ့လိုဘယ်တော့မှ လုပ်မယ့်ကောင်မဟုတ်ဘူး အခုပဲ အဲ့ဟာတွေဘယ်ကစလဲဆိုတာစုံစမ်း"

"ဟုတ်ကဲ့"

ငါစိတ်လေးနေတာ ဒါကြောင့်လား။ဘယ်သူ ကဒီလိုအခြေအမြစ်မရှိတာတွေကိုစပြောတာဖြစ်မလဲ။ပြိုင်ဘက်တွေက အများကြီး ဘယ်သူလုပ်တာဖြစ်မလဲ။ ငါ့သားရောအဆင်ပြေပါ့မလား။

____________

"သခင်ကြီး သတင်းတွေပြန့်သွားပါပြီ မဟာ‌လုပ်ငန်းစုဈေးကွက်လည်း နေ့ချင်းညချင်း ထိုးကျသွားပါပြီ"

"ဟားးး ဒီနေ့သောက်တဲ့ ဝိုင်လေးက ငါနှစ် နှစ်ဆယ်အတွင်းသောက်ခဲ့သမျှဝိုင်‌တွေထဲ အရသာအရှိဆုံးပဲ"

"နောက်ထပ်သတင်းတွေ ရှိပါသေးတယ်"

"ဟုတ်လား....ပြောစမ်းပါဦး"

"ဒီမှာပါ ဒါသုတ ဆိုတဲ့ကောင်လေးရဲ့ အချက်အလက်ပါ။ သူ့မှာ နေသစ်မဟာတို့က လွဲရင် ဘာနောက်ခံမှမရှိပါဘူး။"

"ဒါဆို သူ့ကိုရွေးလိုက်ပြီ  သူ့ကိုချုပ်ကိုင်နိုင် လောက်မယ့်သူရဲ့ အားနည်းချက်ကကော"

LOVE POISON { Season 1 }Where stories live. Discover now