Part 50

4.4K 198 172
                                    

"သူရိန် ဒါနဲ့ ငါမင်းကိုအကူညီတောင်းဦးမယ်။"

"ပြောလေ ရပါတယ်။ ဒီလူနဲ့ ဒီလူပြောစရာမှ မလိုတာ"

"အေး ငါကကွာ ခုမှ နိုင်ငံခြားကပြန်လာပြီး ဒီမှာပဲ အခြေချချင်တာဆိုတော့ ငါ့ကိုကူညီပါဦး။ အဆင်ပြေရင်တော့ နေစရာကို မင်းတို့နဲ့ နီးနီးနားနားပဲ ဖြစ်ဖြစ်စီစဉ်ပေးပါလား။ ငွေက ဘယ်လောက်သုံးရသုံးရ အဆင်ပြေတယ်။"

"ငါတို့က မြို့ပြင်နည်းနည်းရောက်တယ်။ မင်းအဆင်‌ပြေပါ့မလား။"

"အဆင်ပြေတယ်။ ငါ့အမျိုးသမီးကလည်း ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ အသိရှိတော့ကောင်းတာပေါ့။"

"အေးပါ ငါစီစဉ်ပေးမယ်။"

"ကျေးဇူးပါကွာ..."

"ရပါတယ်။"

"ဒါနဲ့ သူရိန် ငါပြောဦးမယ်။ မင်းတို့သတင်းကြားပြီး ပြီလား။"

"ဘာသတင်းလဲ။"

"ဟာ hybrid တွေအကြောင်းလေ။ zeta တွေလေကွာ။"

"အဲ့တာဘာဖြစ်လို့လဲ။"

"သူတို့ ခိုလှုံခွင့်အတွက် ငါတို့နိုင်ငံက တာဝန်ယူမယ်တဲ့လေ။ ငါပြန်လာတယ်ဆိုတာကလည်း အဲ့ကိစ္စကို တာဝန်ယူရမဲ့သူတွေထဲမှာ ငါလည်းပါတယ်။ ငါခုဒီကိုပြန်လာတာကလည်း အဲ့ကိစ္စနဲ့ ပြန်လာတာ။"

"ဟာ...မဖြစ်နိုင်တာ သူတို့ကို တားမြစ်နယ်မြေမှာ ထည့်ထားတာ ငါတို့ ဘိုးဘေးလက်ထပ်ထဲကလေ။"

"အေးအဲ့တာ ပြောတာကွာ သူတို့တွေရဲ့ populationက ခုဆို အများဆုံးရှိ 5000 လောက်ပဲဆိုပြီး ခေါ်မယ်တဲ့လေ။ နိုင်ငံမြောက်ပိုင်းက မြို့ပျက်ကို သူတို့ကိုပေးမယ်တဲ့။ သေချာစဉ်းစားကြည့်ကွာ zeta တွေဆိုတာ Alpha တွေ Omega တွေ သိတာမဟုတ်ဘူး။ သူတို့အတွေးထဲမှာ သတ်မယ်၊ဖြတ်မယ်၊စားမယ်‌၊သောက်မယ်၊ပြီးရင်ကာမဆက်ဆံမယ်လောက်ပဲ သိတဲ့ အရိုင်းအဆိုင်းတွေ။ တိရစ္ဆာန်တစ်ပိုင်းလူတစ်ပိုင်းတွေရော။ စုန်းတွေရော၊ မှင်စာတွေရော စုံနေတာပဲ။"

"အဲ့ဒါဆိုရင်တော့ အခြေအနေစောင့်ကြည့်ရမှာပေါ့ကွာ။"

"အေး စောင့်ကြည့်ရမှာပေါ့။ အဲ့သတင်းက ငါတို့ရဲ့ အတွင်းသတင်းနော် မင်းမို့ပြောပြတာ အပြင်ကိုမပေါက်ကြားစေနဲ့ဦး။ ငါ့စိတ်ထင်တော့ "

LOVE POISON { Season 1 }Where stories live. Discover now