Part 39

4.7K 203 79
                                    

"ကျွန်တော်တို့ဒီတိုင်းစနေကြတာပါ"

"ဟုတ်လား သုတ.."

"ဗျာ..ဟုတ်ပါတယ်"

"အာ့ဆို ဦးကိုလွှတ်..."

သုတ ဦးရဲ့နောက်မှာဝင်ပုန်းပြီး ဦးရဲ့လက်ကိုချိတ်ထားခဲ့တာ။ ခုကျ ဦးက လက်ကိုအသာ ဖြုတ်ချပြီး အပြင်ပြန်ထွက်သွားတယ်။ ခုက ဘယ်သူကစိတ်ဆိုးနေတာလဲ။ ငါကစိတ်ဆိုးနေတာလား။ ဦးက စိတ်ဆိုးနေတာလား။

နေသစ် သုတလက်ကိုဖြုတ်ချပြီး အိမ်အပြင်ပြန်ထွက်သွားတဲ့ ဒယ်ဒီ့ကို ကြည့်ပြီး အခြေအနေကထင်သလောက်မလွယ်ပါလားလို့ ထင်လိုက်တယ်။ ငါနောက်တစ်ခုစဉ်းစားရတော့မှာပဲ။

"လာသဲလေး ငါနဲ့သာလာအိပ်တော့ ထွက်သွားတဲ့သူကိုငေးကြည့်မနေနဲ့"

"ကျစ်! လွှတ်စမ်းပါ။"
-
-
-
သုတ တစ်ညလုံးအိပ်မပျော်ပါ။ အရင်ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လားမသိပေမယ့် ဦးထားခဲ့မှာကို သူအရမ်းကြောက်တယ်။ သူဦးကိုစိတ်ဆိုးနေပေမယ့် ခုနကလို ဉီးကသူ့ကိုသေချာတောင်စကားမပြောပဲ ထွက်သွားတာတွေ့ပြန်တော့ သူမနေတက်တော့ပါ။ နေသစ်ပြောတာလည်း မမှားဘူး။ အကယ်၍ဦးဝဏ္ဏမင်းသာ သူတို့ဘဝထဲ ဝင်မရှုပ်ခဲ့ရင်၊ သူသာ တုံးပြီး အဲ့video ကိုမရိုက်ပေးခဲ့ရင် နေသစ်လည်းထောင်ထဲမရောက်သလို ဦးလည်းဒီလမ်းမရောက်နိုင်ဘူး။ အတွေးတွေများပြီး ရင်ဘက်ကြီးတစ်ခုလုံးပူလောင်နေရတယ်။

ခေါ~~~~ခေါ~~~~ခေါ~~~~

ရင်ဘက်ထဲ ပူလောင်နေပါတယ်ဆိုမှ ဘေးကထွက်လာတဲ့ နေသစ်ရဲ့ ဟောက်သံကြောင့် ဒေါသကထွက်လာပြန်ရော။ ကိုယ်ကရင်ထဲပူလောင်လို့ မအိပ်နိုင်ဖြစ်နေတာကို သူကလာတောင်ဟောက်နေသေးတယ်။ အခန်းထဲလည်းမရမက လာဝင်အိပ်သေးတယ်။ စိတ်ထဲတော်တော်အချဉ်ပေါက်လာတာနဲ့ ဒေါသတို့ကို သူ့အပေါ်ပုံချပြီးဖြေသိမ့်ဖို့ပဲ လုပ်လိုက်တယ်။

ဒုန်း!

"အာ့!!! သုတ!!!!!"

"ဟမ်! ဘာဖြစ်တာလဲဟင်"

"မင်းငါ့ကို ကုတင်ပေါ်ကကန်ချတာလေ"

"ငါ...ငါအိပ်မောကျနေလို့ မသိလိုက်လို့ပါ မင်းကလည်း စိတ်ကြီးပဲ ဝှား!!!!ငါပြန်အိပ်လိုက်ဦးမယ်နော်"

LOVE POISON { Season 1 }Opowieści tętniące życiem. Odkryj je teraz