Part 45

4.2K 226 114
                                    

"ခြေရာခံလို့ ရလား။"

"ရပါတယ် သခင်ကြီး။ ဦးအောင်ခေတ်ရဲ့ အိမ်တော်မှာပါ"

"ငါထင်တဲ့အတိုင်းပဲ။"

"ခုလိုက်သွားကြမလား ဒယ်ဒီ"

"ငါတို့ဘယ်လိုလုပ်ကျမလဲ သူရိန်"

"ငါတို့အလောတကြီးလုပ်လို့မရဘူး။ ကျားပါးစပ်ထဲ ခုန်ဆင်းသလိုဖြစ်သွားနိုင်တယ်။နေသစ်! code 1ရောအဆင်ပြေရဲ့လား"

"ပြေတယ် ဒယ်ဒီ"

"ငါ့မြေး!!!!ငါ့မြေးကိုငါမေ့နေတာ ကလေးကိုပါ ဒီကိစ္စထဲ ဆွဲထည့်ရင် ဘယ်လိုလုပ်မလဲ"

"ကျွန်တော် သွားခေါ်လိုက်မယ်"

"ငါ မိုက်ကယ်ဆီဆက်လိုက်မယ်။ မင်းသွားရင်ကြာနေမှာ"

Ti...Ti...Ti...

[ ပြောပါ သခင်ကြီး! ]

[ ငါ့မြေးရော..]

[ အိမ်ပြန်ရောက်နေပါပြီ ကျွန်တော်သွားကြိုထားတာပါ။ ခုအိပ်နေပါတယ် ]

[ တော်သေးပေါ့ ငါပြန်လာတော့မယ်။ ]

"ဝဏ္ဏမင်း...မြေးလေးရော မင်းရော ငါ့အိမ်မှာနေလိုက် ခုချိန်မှာ ခွဲနေတာက အားနည်းချက်ဖြစ်သွားနိုင်တယ်။"

"ဟုတ်တယ်။ ကျွန်တော့်သားကို ကျွန်တော်ခေါ်ထားမယ်။ ခင်များကနေချင်နေ မနေချင်မနေနဲ့"

"နေသစ်!!ခုချိန်ကရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး။"

"အေး ဟုတ်တယ်။ ငါလည်းဒီမှာလာနေမယ်။
ငါ့လူတော့ ခေါ်လို့ရတယ်မလား"

"အများကြီးတော့ အဆင်ပြေမှာ မဟုတ်ဘူး။"

"ငါ တစ်ယောက်ပဲ ခေါ်မှာပါ"

"ရတယ်။"

[ မိုက်ကယ် မင်းရော ကလေးရော ငါတို့ဆီကိုခုလာခဲ့ ]

"ခနလေး သူတို့ကို မလာခိုင်းနဲ့ဦး။ ငါ့အိမ်က လူတွေကိုလွှတ်လိုက်မယ်။မြေးလေးကိုခေါ်ရင်း သုတရဲ့ မိသားစုကိုပါခေါ်ခဲ့ခိုင်းလိုက်မယ်။ ပြောလို့မရဘူး။ သူတို့ပါ အန္တရာယ်ရှိနေနိုင်တယ်။"

"ဟုတ်တယ် ဒယ်ဒီ!"

"ငါ ဦးအောင်ခေတ်ဆီကိုဆက်သွယ်လိုက်မယ်"

LOVE POISON { Season 1 }Where stories live. Discover now