အခန်း (၁၂)

1.9K 210 0
                                    

အခန်း (၁၂)

ဝမ်လော့ရှန်း အကြောက်ဆုံးသောအရာသည် ဖြစ်လာတော့မည်။ ယနေ့ သူသည် စာအုပ်တစ်အုပ်မျှ ယူမလာခဲ့ပေ။ ထို့ပြင် သူဖတ်ထားသောစာ၏ ခေါင်းစဥ်သည် ဆရာတု သင်ထားသောစာ လုံးဝမဟုတ်။

ပုံမှန်အားဖြင့် ဆရာသည် လွယ်ကူသော မေးခွန်းကိုမေးခဲ့လျှင် သူသည် ကြိုးစားပြီး စိစစ်၍ ဖြေရုံမျှသာ ဖြေနိုင်လိမ့်မည်။ အကယ်၍ ခက်ခဲသော မေးခွန်းကို မေးခဲ့လျှင်ရော။ သူ့တွင် ဖတ်စာအုပ်မပါပေ။ ထို့ကြောင့် ရှေ့တွင်ဖြေသောသူကို နားထောင်ပြီး အသိတစ်ဝက်မျှနှင့် မည်သို့ဖြေရမည်ကို တုံ့ဆိုင်းနေမိသည်။

ဝမ်လော့ရှန်းသည် ယနေ့ မေးခွန်းများဖြေရာတွင် မတည်ငြိမ်ဘဲ သဘောထားကြီးပုံ မပေါ်သည်ကို မြင်သောအခါ ဆရာတုသည် ဝမ်လော့ရှန်းဘေးသို့ ခြေလှမ်းအနည်းငယ် လျှောက်လာလေသည်။

အဖြေဖြေနေစဥ် သူသည် ကျောင်းသားဘေးသို့လျှောက်လာကာ ကျောင်းသား၏ အဖြေကို နားထောင်တတ်သည်။ ဤသည်မှာ ဆရာတု၏ စာတော်သောကျောင်းသားများအပေါ် ကျေနပ်ဖွယ်ရာ ဂရုစိုက်မှုပင် ဖြစ်သည်။

ဝမ်လော့ရှန်း မဖြေနိုင်သည်ကို မြင်သောအခါ ဆရာတုသည် ဝမ်လော့ရှန်းအား  စကားလုံးအနည်းငယ်နှင့် သတိပေးချင်လာသည်။ ထိုအချိန်တွင် သူသည် ခေါင်းကိုငုံ့လိုက်သောအခါ ဝမ်လော့ရှန်း၏စာအုပ်သည် သူပြောထားသော စာအုပ်၏အထူနှင့် ကွဲပြားနေပြီး စာအုပ်မှားနေသည်ကို တွေ့လိုက်ရသည်။

ဆရာတုသည် ဝမ်လော့ရှန်း၏ စာအုပ်ကို လက်ထဲတွင်ကိုင်ကာ ဆွဲထုတ်လိုက်သည်။ သူ့လက်ထဲမှ စာအုပ်၏ အလေးချိန်သည် တစ်ခုခုလွဲနေသည်။ သူသည်အဖုံးကိုလှန်လိုက်သောအခါ “ဓလေ့ရိုးရာ” စာအုပ်၏ ကူးရေးထားသော စာအုပ်ဖြစ်နေသည်။

ဝမ်လော့ရှန်း၏ ခေါင်းမှ ချွေးစေးများပင် ထွက်နေပြီ။

ဆရာတု၏မျက်နှာသည် မည်းတက်လာပြီး ပြောလိုက်သည်။

“ငါတို့ခုဖတ်နေတာ ကျော့ကျွမ်းတဲ့လား၊ လီ မင်းကရော ဘယ်လိုထင်လဲ”

အခြားနည်းလမ်းမရှိတော့ပေ၊ ဝမ်လော့ရှန်းသည် အမှန်အတိုင်းပြောပြရတော့သည်။

မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့Where stories live. Discover now