အခန်း (၂၅) လက်ဖက်စိမ်း

1.7K 210 0
                                    

အခန်း (၂၅) လက်ဖက်စိမ်း

သွမ့်ကျင်းထျန်မှာ တစ်ခုခု လွဲမှားနေသယောင် ခံစားလိုက်ရသည်။ ယနေ့ ဧည့်သည်အားလုံးသည် အဖိုးတန်ပိုးဖဲစများကို ဝတ်ဆင်ထားကြပြီး ဆုဝန်မှာမူ သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်ဖြစ်၏။ အကယ်၍ ဤလူများနှင့် ယှဥ်ရပ်လိုက်ပါလျှင် ကွာဟမှုသည် ထင်ရှားနေမည်ဖြစ်ပြီး ဆုဝန်ကို အရှက်ရစေနိုင်၏။

သွမ့်ကျင်းထျန်သည် ဆုဝန်ကို လူကြားထဲချပြရန် မရှက်ပါချေ။ သူသည် ဆုဝန်အား ထိုသို့ အရှက်ရမှုမျိုး မခံစားစေရုံသာ။ ဆုဝန်သည် အိမ်တော်မှ ငှားရမ်းထားသည့် စားတော်ကဲတစ်ယောက် ဖြစ်၏။ သူသည် အစေခံတစ်ဦး ၊ကျွန်တစ်ဦးအဖြစ် ဝင်လာခဲ့ခြင်း မဟုတ်ချေ။ ကြွရောက်လာသည့် ဧည့်သည်များထက်လည်း နိမ့်ကျမနေ‌ပေ။ သို့ပေသိ အဝတ်အစားကွာဟမှုမှာ ထင်ရှားလွန်းနေရာ နိမ့်ကျပုံ ပေါ်သွားစေပေမည်။

သွမ့်ကျင်းထျန်က လက်ယှမ်းပြကာ ဆိုလိုက်၏။

“ မိန်းကလေးဆုက အခုပဲ ချက်ပြုတ်လို့ပြီးသွားတာဆိုတော့ အရမ်းပင်ပန်းတယ်လေ။ ကျွန်တော်တို့ သူ့ကို အနှောင့်အယှက်ပေးနေစရာ မလိုတော့ပါဘူး”

ချောင်ယွဲ့ရူမှာ ဒေါသထွက်သွားရသည်။ ထိုစားတော်ကဲကို အနှောင့်အယှက်ပေးခြင်းဆိုသည်မှာ ဘယ်အရာကိုများ ရည်ညွှန်းပါသနည်း။ သူက တွေ့ချင်သည်ဟုဆိုလာခြင်းမှာ သူ့အား မျက်နှာသာပေးခြင်းပင် ဖြစ်လေသည်။ အဘယ်သို့များ သူ့အား အနှောင့်အယှက်ပေးခြင်း ဖြစ်သွားရပါသနည်း။

ချောင်ယွဲ့ရူသည် မကျေနပ်မှုများကို ချုပ်တည်းလျက်

“ ဟုတ်ပါတယ်လေ။ မိန်းကလေးဆုက ပင်ပန်းနေတော့ ဧည့်သည်မတွေ့နိုင်လောက်ဘူးပေါ့။ အဲဒါအပြင် မိန်းကလေးဆုက ဘာပဲ‌ပြောပြော အစေခံတစ်ယောက်ပဲလေ။ ဒီလောက်ကြီးတဲ့ ပွဲတော်မျိုးကို လာဖို့ကျ မဝံ့မရဲ တွန့်ဆုတ်နေမှာက ထုံးစံပါပဲ”

“ ဒါဆိုလည်း ရှိပါစေတော့။ ကျွန်မတို့ သူ့ကိုထွက်လာခိုင်းပြီး အနေခက်အောင် မလုပ်တော့ပါဘူးလေ”

‌ချောင်ယွဲ့ရူ၏စကားများမှာ အမှန်ပင် ပညာသားပါလေသည်။ ယခင်က အားလုံးသည် ဆုဝန်ကို ချီးကျူးခဲ့ကြသည်။ ဆုဝန်ချက်သည့်ဟင်းများကို ချီးကျူးခဲ့ကြသည်။ သို့ပေသိ လူကိုမူ မမြင်ဖူးကြပေ။ သူတို့စိတ်ကူးထဲမှ ဆုဝန်သည် ထက်မြက်ပြီးကျွမ်းကျင်လိမ္မာသည့် မိန်းကလေးတစ်ဦးပင်ဖြစ်၏။

မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့Where stories live. Discover now