Part - 1

12.6K 374 50
                                    

Unicode

2013 ခုနှစ် ....

ဖြတ်သန်းလာခဲ့တဲ့လမ်းတစ်လျှောက်မှာရှိတဲ့ တစ်ထပ်အိမ်လေးတွေက အရောင်အသွေးစုံလင်သလို ...ကျူးလစ်ပန်းစိုက်ခင်းတို့နှင့်ပနံ့သင်တာမို့ ထိုမြင်ကွင်းတို့က မြင်တဲ့လူတိုင်းရဲ့စိတ်အာရုံကိုဖမ်းစားထားနိုင်လောက်မည်။

ကောင်းကင်ပြာပြာ၊ဖြေးညှင်းစွာတိုက်ခတ်နေတဲ့လေပြေအေးအေးနှင့် ကျူးလစ်ပန်းစိုက်ခင်းတွေရှိတဲ့ မြင်ကွင်းဟာသူနေစဥ်တကွမြင်တွေ့နေရတဲ့မြင်ကွင်းဆိုပေမဲ့ရိုးအီသွားခြင်းလည်းမရှိ။
ကြည်လင်သွားတဲ့ စိတ်အစုံကြောင့်
ကားပြတင်းပေါက်ကိုဖွင့်ကာ လက်တစ်ဖက်ကို အပြင်ဆန့်ထုတ်လျက် သဘာဝလေအေးကို
ရှုရှိုက်လိုက်မိ၏ ။အမ်စတာဒမ်မြို့ကလှသည်။
ပြီးတော့ သူနေတဲ့နေရာဟာ ကျူးလစ်ပန်းစိုက်ခင်းတွေ၊ လေရဟတ်တွေရှိတဲ့
မြို့ရဲ့အစွန်ဖျားဒေသမှာ။

အလုပ်ရုံးနဲ့အိမ်က ဝေးပေမဲ့ တဖြေးဖြေးလိမ့်လာတဲ့ ကားက...မြို့ရဲ့မြောက်ဘက်အစွန်မှာရှိတဲ့နေအိမ်တစ်ခုရဲ့ရှေ့မှာရပ်၏။
ဒီနေ့က ရုံးဖွင့်ရက်ဖြစ်သလို ပုံမှန်ဆိုနေ့လည်စာစားချိန်အိမ်ပြန်လေ့မရှိတဲ့သူ့အတွက် ခြံတံခါး
လာဖွင့်ပေးမဲ့ Tom လည်းမရှိပါ။ထို့ကြောင့်
ကားကိုစက်ရပ်ပြီး ခြံတံခါးကိုသော့ဖွင့်ဝင်လာရ၏။

အိမ်ရှေ့မှာစိုက်ထားတဲ့ Daisy ပန်းခင်းကြီးကို
ကျေနပ်စွာကြည့်ရင်း ဖြတ်ကျော်ကာ
သူ့ရဲ့အိမ်အပြာနုလေးရှိတဲ့နေရာဆီကို...

"ဟာ ဆရာ ... အိမ်ပြန်လာပြီလား"

ပန်းတွေရေလောင်းဖို့ပြင်နေတဲ့ Tomက
သူ့ကိုမြင်တာတဲ့ အလောတကြီးပြေးကြိုလာသည်။

"ကျွန်တော်မသိလိုက်လို့ ခြံတံခါးလာမဖွင့်ပေးမိတာ"

"ရပါတယ်Tomရာ။အခုလည်း စာရွက်စာတမ်းတချို့မေ့လို့လာယူတာပါ..ခဏပဲ"

"ယူပေးမယ်လေ... စာကြည့်ခန်းထဲမှာပဲမလား"

"ဟုတ်တယ် ဒါဆို Tomပဲကူညီပါအုံး"

ခပ်သွက်သွက်ဖြင့်အပေါ်ထပ်ဆီပြန်ပြေးတတ်သွားတဲ့ Tom​ ။အနားယူဖို့ ဧည့်ခန်းဆီကိုအသွား မှန်ထဲက သူ့ပုံရိပ်က မျက်လုံးထောင့်မှာပေါ်လာသည်။နေ့စဥ်နှင့်တကွရှိနေတဲ့ အမှုတွဲတွေကြားမှာအချိန်ကုန်ဆုံးရင်းနဲ့ ဒီရက်ပိုင်း
သူ့ကိုယ်သူဂရုမစိုက်နိုင်ဖြစ်သွားတာပဲ။

My Baby GirlWhere stories live. Discover now