Part - 6

5.5K 303 39
                                    

Unicode

မနက်ကတည်းကခွင့်တောင်းပြီး မိုင်မိုင်းကိုခေါ်သွားတာမို့ အော်ရီယာနာတစ်ယောက်ထဲသာ
အိမ်မှာရှိနေ၏။ စေရာနေရေးက မိုင်မိုင်းကိုချစ်သည်။ဒါကပဲ သူ့အတွက်အားနည်းချက်ဖြစ်နေပြီး ... အော်ရီယာနာတို့အတွက်တော့
အဲ့တာက အခွင့်ကောင်းလိုဖြစ်နေတာမျိုးပါ။

မိခင်တစ်ယောက်ဖြစ်တာမို့ အော်ရီယာနာကိုယ်တိုင်လည်း မိုင်မိုင်းကိုချစ်ပါတယ်။
သို့သော် မိုင်မိုင်းမွေးလာလို့ သူမဘဝမှာ ကောင်းတဲ့အရာရှိမလာတာမို့ ကလေးအပေါ်ဂရုစိုက်ခြင်းမျိုးမရှိခဲ့တာတော့အမှန်ပါ။မတော်တဆအမှားကြောင့်ရခဲ့တဲ့ကိုယ်ဝန်မို့ ဖျက်ချဖို့အထိတောင်စဥ်းစားခဲ့သေးတာ။ အခုလိုဂရုမစိုက်တာကိုလည်း အော်ရီယာနာ့ကိုအပြစ်တင်လို့မရဘူးလို့ သူမကထင်သည်။ဒီကလေးကို အခုချိန်ထိ ကျွေးမွေးလာတာနဲ့တင်တာဝန်ကျေပြီမလား။
မွေးကတည်းက အခုချိန်ထိတာဝန်ယူခဲ့ပြီးပြီမို့ ကျန်နေတဲ့ဘဝတစ်လျှောက်မှာ တာဝန်မယူနိုင်တော့တာကို စေရာနေရေးရော မိုင်မိုင်းကပါနားလည်ပေးရမည်။

"hey ... ဟန်နီ ဖုန်းဆက်ပြီးဘာမှမပြောဘူးလား"

"မဟုတ်ပါဘူး ဂျွန့်အသံကြားလိုက်ရလို့ တို့နှလုံးခုန်တာရပ်တန့်သွားလို့ပါ"

"ဟက် မင်းကတော့ကွာ"

တစ်ဖက်ကရယ်သံလွင်လွင်ကြောင့် အော်ရီယာနာလည်းစိတ်လိုလက်ရပြုံးမိပါ၏။ဂျွန်.. ဂျွန်ဆိုတာ သူမရဲ့ချစ်သူလေ။ 'ယော' ဆိုတဲ့ ချစ်စဖွယ်ကလေးမလေးရဲ့ဖေဖေ၊ သူမရဲ့ ချစ်သူပေါ့။ ကမ္ဘာသူ ကြောင့်ပျက်ဆီးလုနီးပါးဖြစ်နေတဲ့
အော်ရီယာနာရဲ့ဘဝကိုကယ်တင်ပေးခဲ့တဲ့သူ။

"သမီးရှိလား ဒါလင်။သတိရနေတာ သိလား"

"သတိရရင်လာတွေ့လို့ရတယ်လေ လာမတွေ့နိုင်တာ မင်းရဲ့ယောကျာ်းကိုကြောက်ရလို့လား"

"ရန်မစနဲ့နော်ဂျွန်။သူ့လိုကောင်ကို ကြောက်စရာလား။တို့ပြောပြထားတယ်လေဂျွန်ရာ သုံးမကုန်နိုင်တဲ့ပိုက်ဆံတွေရဖို့ရှိတယ်ဆိုတာ..."

"အင်းပါ ချစ်လို့စတာဟန်နီရဲ့...အတူတူနေချင်နေပြီ၊သမီးလေးရယ်...ဟန်နီရယ်ရှိရင် ဒါလင့်ဘဝကြီးကပြည့်စုံတာသိတယ်နော်ဟန်နီ"

My Baby GirlWhere stories live. Discover now