Part - 4

5.4K 245 15
                                    

Unicode

"​မိုင်မိုင်းက ဦးဦးပြန်လာတာကိုစောင့်နေတာ။
မနေ့ကလည်းပြန်မလာဘူး"

"ကိုယ်အလုပ်လေးတစ်ခုအပြီးသတ်နေရလို့ကွ။
ဘာလဲ... မိုင်မိုင်းက ကိုယ့်ကိုပြောစရာရှိလို့လား"

"ဟုတ်"

"ကဲ ပြောစေဗျာ... Tomရေ ရေတစ်ခွက်လောက်"

ဧည့်ခန်းကဆိုဖာပေါ်ထိုင်ပြီး မိုင်ကလေးကိုလည်း သူ့ဘေးမှာထိုင်ခိုင်းလိုက်ရ၏။သေချာပေါက် သူမအမေလာကြိုတဲ့အကြောင်းပြောပြဖို့ပဲနေမှာ။

"မနေ့ကလေ ဦးဦးကလာမကြိုဘူး။မာမီလာကြိုပေးတယ် ... အပြန်ကျတော့ ရေခဲမုန့်လည်းဝယ်​ကျွေးတယ်"

"ဟုတ်လား ကိုယ်ပြောသားပဲ...အော်ရီယာနာက မိုင်မိုင်းကိုချစ်ပါတယ်လို့"

"မာမီက မိုင်မိုင်းကိုချစ်သွားပြီထင်တယ်နော်
ဦးဦး။ဒီနေ့ညနေလည်း လာကြိုတယ် သိလား"

"ကောင်းတာပေါ့ကွာ မိုင်မိုင်းကချစ်စရာကောင်းတော့ ဘယ်သူကမှမချစ်ပဲနေနိုင်မှာမဟုတ်ဘူးလေ။မိုင်မိုင်းမသိလို့ပါ... အရင်ကတည်းက သူကိုယ့်ကိုမှာထားတယ်။ဟေးမိုင်မိုင်းလေးကို
စောင့်ရှောက်ပေးပါဆိုပြီးတော့"

"ဒါပေမဲ့ ဦးဦးသိလား... "

နေရေးကိုပါအကဲခတ်သလိုကြည့်လာတဲ့ မျက်ဝန်းပြာကလေးက တစ်ခုခုကိုရိပ်မိလို့လား။ မဖြစ်နိုင်ပေမဲ့ မိုင်ကလေးသိသွားမှာကို သူစိုးရိမ်ပါသည်။စိတ်ဒဏ်ရာပျောက်စေချင်လို့လုပ်လိုက်တဲ့အရာက ထပ်ပြီးစိတ်ဒဏ်ရာဖြစ်မှာမျိုးကိုတော့ စေရာနေရေးလက်မခံနိုင်ပါ။

"ပြောလေကလေးရ... ဦးဦးကဘာကိုသိရမှာလဲ"

"ဘာမှမဟုတ်တော့ပါဘူးလေ"

"လူလည်မလေးက လျှို့ဝှက်ချက်တွေလုပ်နေပါလား။ဘာမို့လို့လဲကွ သိချင်အောင်လုပ်ထားပြီး"

"ဒါက ဦးဦးနဲ့တော့မဆိုင်ပါဘူး။ဒါပေမဲ့..."

"ဟေးမိုင်မိုင်းလေးရေ...မင်းက ကိုယ့်ကိုတောင် လျှို့ဝှက်ကုန်ပြီလား။ကိုယ့်မှာတော့
ကိုယ့်မိသားစုဝင်လို့သဘောထားလိုက်ရတာ"

My Baby GirlWhere stories live. Discover now