Part - 10

5.9K 284 81
                                    

Unicode

"ဦးဦး  .. မာမီကရော"

"မာမီကမအားလို့မိုင်မိုင်းရဲ့။အလုပ်တွေပြီးရင် လာခဲ့မယ်တဲ့"

"ဟုတ်လို့လားနော်"

"ကိုယ်က မိုင်ကလေးကိုလိမ်ပါ့မလား။
အိပ်ချင်အိပ်လေ... မိုင်ကလေးအိပ်ယာနိုးရင်
မာမီရောက်ရင်ရောက်နေမှာပေါ့ကွ"

"မာမီနဲ့တွေ့ချင်တယ်"

"တွေ့ရမှာပေါ့ကလေးရယ်"

နေမကောင်းသေးတဲ့မိုင်ကလေးရဲ့ နဖူးထက်က ဆံနွယ်လေးတွေကိုဖွဖွသပ်တင်ပေးရင်း
စိတ်မကောင်းမှုကရင်ထဲလှိုက်တတ်လာရသည်။

"တကယ်လာတွေ့မှာပါနော်။မိုင်မိုင်းစောင့်နေတာ ၂ရက်ရှိပြီလေ... မာမီကအများကြီးအလုပ်များနေလို့လား"

"အင်းပေါ့ကလေးရဲ့"

"အဲ့တာဆို ဦးဦးကရော အလုပ်မများဘူးလား"

မျက်ဝန်းပြာလေးရဲ့အမေးစကားကြောင့် နေရေးရယ်ချမိသည်။ဒါလေးက ဘယ်လောက်တောင် လည်လိုက်သလဲ။

"အဟား ... လူလည်မလေးပဲကွ။ဟုတ်ပါတယ်ဗျာ ကိုယ်ကအလုပ်မများပါဘူး"

"မာမီလာရင်ကောင်းမယ်။ မာမီ့ကို ပြောစရာရှိလို့"

"အရေးကြီးလို့လား ကိုယ့်ကိုပြောပြပေါ့ကွ"

"ဟင့်အင်းပြောလို့မရဘူး...ဦးဦးအကြောင်းတိုင်မှာပါဆို"

လူလည်မလေးရဲ့နှာခေါင်းလုံးလုံးလေးကို ဖျစ်ညစ်မိပြန်သည်။သူ့ရဲ့ချစ်စရာ တိမ်ကလေး။
ဒီလိုကလေးကိုမှ စွန့်ပစ်သွားတဲ့မိခင်က
ရူးနေလို့ပဲလို့ သူသတ်မှတ်သည်။

"ဟမ့် နေပါအုံး ကိုယ်ကမိုင်ကလေးလိုချင်တာ အားလုံးလုပ်ပေးတာတောင် တိုင်စရာက
ရှိသေးတယ်ပေါ့။ပြော ကိုယ်ကဘာအမှားများ
လုပ်မိလို့လဲဗျ"

"ဦးဦးက ... "

"အင်း ကိုယ်က"

"ဦးဦးက"

"ဟုတ်ပြီ ဦးဦးကဘာဖြစ်လဲဆက်ပြောလေ အဆိုးအပေလေး"

"ဟီးဟီး"

"လူလည်မလေး.."

ရယ်သံသဲ့သဲ့လေးကြောင့် တမင်တကာ
စနောက်နေတာကို သူသိလိုက်ရ၏။
မိုင်ကလေးအခုလိုပြုံးနေတာ ဘယ်လောက်အထိ ကျေနပ်ဖို့ကောင်းလိုက်သလဲ။

My Baby GirlWhere stories live. Discover now