Part - 14

11.3K 362 86
                                    

Unicode

"ကိုယ်တို့အိမ်က ကလေးက ဆိုးတယ်လို့ ထင်ရပေမဲ့ သူ့အတွင်းစိတ်ကလေးကနူးညံ့ပြီး ထိခိုက်မခံနိုင်ဘူး ဂျာသီ"

"ဟုတ်ကဲ့"

"အထူးသဖြင့် မိဘတွေနဲ့ပတ်သက်ရင်
စကားတစ်ခွန်းအမှားမခံနိုင်အောင်အထိ
ဂရုစိုက်ရတယ်"

"ဟုတ်ကဲ့"

"ကိုယ်သေချာပြုစုပျိုးထောင်ခဲ့ပေမဲ့ ကလေးက ဂျာသီ့ကိုစိတ်အနှောင့်အယှက်ပေးမိတယ်
ထင်တယ် "

"မဟုတ် ... "

"အဲ့ဒီအတွက်လည်း ကိုယ်အားနာပါတယ်"

"မဟုတ်ဘူးနေရေးရဲ့။အခုပြောနေတာက
နေရေးတူမကိစ္စလား"

"ကိုယ်က ကိုယ့်တူမကိစ္စမဟုတ်ပဲနဲ့...ဂျာသီနဲ့
တွေ့ဖို့ချိန်းဖို့အကြောင်းမရှိဘူးလေ"

ထိုစကားကြောင့် ဆတ်ဆတ်ခါအောင်နာသွားရသူက ဂျာသီသာ။နေရေးဘက်ကစပြီး တွေ့ဖို့ချိန်းတာမို့ သူမကိုယ့်ကိုယ်ကိုယ်အထင်ကြီးလိုက်မိတယ်။သို့ပေမဲ့ အခုလောက်ထိ ပွင့်ပွင့်လင်းလင်းကြီး ပြောဖို့လိုလို့လား။

"မနေ့ကကိစ္စထင်တယ်။တို့က ဘာရယ်စိတ်နဲ့မဟုတ်ပါဘူး... ကလေးမိဘတွေအစားနေရေးကပဲ စိတ်ဒုက္ခခံရမှာဆိုးတဲ့စေတနာနဲ့ မလျော်ဖို့ ပြောလိုက်တာပါ။ပိုက်ဆံလည်းမပါခဲ့ဘူးဆိုတော့လေ"

"ဟက် ! "

နှုတ်ခမ်းတစ်ဖက်ပင့်ယုံသာပြုံးပြီး ခပ်အေးအေးဖြင့် ကော်ဖီခွက်ကိုကိုင်လိုက်တဲ့အမျိုးသား။သူမထံတစ်ချက်ကြည့်လာပြီး ခေါင်းခါကာ ကော်ဖီတစ်ကျိုက်ကိုသောက်သည်။ပြီးတော့မှ စားပွဲပေါ်ကို ကဒ်တစ်ခုတင်လျက်...

"စေတနာကိုကျေးဇူးတင်ပေမဲ့ ကလေးကမိဘမရှိတာတော့မဟုတ်ဘူး။ သူ့အမေက ကိုယ်၊သူ့အဖေကလည်း ကိုယ်ပဲ ...ပြီးတော့ ကိုယ်ဟာသူ့ ဦးလေး၊သူ့အစ်ကို၊သူ့သူငယ်ချင်း အဖက်ဖက်ကနေ ဟေးမိုင်မိုင်းလိုအပ်တဲ့လူအဖြစ်ရှိနေတာ။အိမ်က ကလေးရဲ့အမှားအတွက်...ကိုယ်ကပဲ တာဝန်ယူပေးပါရစေ။ဒီကဒ်ကို လက်ခံပေးပါ"

"မဟုတ်တာ ပြန်လျော်စရာမလိုပါဘူး။
နေရေးနဲ့ ဂျာသီတို့ဆိုတာ အဲ့လိုကိစ္စအသေးအမွှားလေးတွေကိုပြောနေရမဲ့သူတွေမှမဟုတ်တာပဲရှင်။ဂျာသီအဲ့လောက်ထိ သဘောထားမသေးသိမ်ပါဘူး နေရေးရယ်"

You've reached the end of published parts.

⏰ Last updated: Jan 31 ⏰

Add this story to your Library to get notified about new parts!

My Baby GirlWhere stories live. Discover now