Part - 8

6.1K 283 62
                                    

Unicode

ရက်အတော်ကြာအထိအဆင်ပြေနေတဲ့
မိုင်မိုင်းနဲ့ သူမမာမီရဲ့ဆက်ဆံရေးကြားမှာ
စေရာနေရေးဝင်မပါခဲ့ပါ။မိခင်နဲ့ပျော်ရွှင်နေတာကို အတည်ပြုယုံမျှသာကြည့်ပြီး...များပြားလှတဲ့ သူ့ရဲ့အလုပ်တွေကြားမှာ နစ်ဝင်နေခဲ့တာဖြစ်သည်။

မိုင်မိုင်းပျော်နေတော့ သူလည်းပျော်ရတာပါပဲ။
ပေးရတဲ့မေတ္တာက ရောင်ပြန်ဟပ်သည်ဖြစ်စေ၊
မဟပ်သည်ဖြစ်စေ မေတ္တာပေးရတာပျော်တဲ့
သူက သူသည်သာ။မိုင်ကလေးက ဒီရက်တွေမှာ
သူ့ကိုမေ့နေပေမဲ့လို့ပေါ့။

အရင်၃ရက်လောက်တုန်းကတော့ Tomဆီက
ကြားပါတယ်... မိုင်ကလေးနေမကောင်းဘူးတဲ့။
အဆင်မှပြေရဲ့လားတွေးမိတော့ စိတ်အစုံက
လေးလံရပြန်သည်။အဲ့ဒီကလေးကတော့
ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရင်
ကောင်းမှာပဲ။

"နေရေး .."

"... .... "

"နေရေး"

"အင်း"

"ခဏနေ ဆွေးနွေးမဲ့လူလာမယ်တဲ့နော်။
ကားပိတ်နေလို့ အချိန်ခဏလောက်
စောင့်ပေးပါအုံးတဲ့ ဖုန်းဆက်တယ်"

"အင်း ... သူပို့ပေးခဲ့တဲ့fileဘယ်မှာလဲ"

"မင်းစားပွဲပေါ်တင်ပေးထားတယ်။fileအနီလေး"

"ကိုယ်အရင်ကြည့်ထားလိုက်မယ်"

အမှုတွေတွဲတင်မကပဲ ကုမ္ပဏီတွေအတွက်
လိုဥပဒေကာကွယ်မှုကိုပါ လက်ခံဆွေနွေးနေပြီမို့ နေရေးလည်းအလုပ်များနေပါသည်။

"နေရေး"

"အင်း"

"မင်းဟာလေးတောင်လိုက်မလာတာကြာပြီနော်"

"သူ့မာမီနားကပ်နေတယ်လေ။ကလေးက
သူ့အမေနားနေရမှတော့ လိုက်လာပါ့မလား"

"အဆင်ပြေတယ်ကြားရတော့လည်း ဝမ်းသာပါတယ်ကွာ"

"အင်း "

မျက်လုံးတစ်ချက်လှန်မကြည့်လာပဲ စာတမ်းကိုသာ အာရုံစိုက်နေတဲ့နေရေးက အရင်ကအလုပ်ကြိုးစားတဲ့ရှေ့နေတစ်ယောက်အဖြစ်
ပြန်ပြီးရောက်ရှိသွားပြီဖြစ်သည်။အရင်က
အနားတကပ်ကပ်နေခဲ့တဲ့ကလေးမလေးက
အခု သူ့ကိုမခေါ်တော့ နေရေးလည်းနေရခက်မှာပေါ့... ဘေးလူဖြစ်တဲ့ လွမ်း တောင်မှပဲ မိုင်မိုင်း
ရုံးကိုလိုက်မလာတာကြာတော့ ဟာတာတာကြီး
ဖြစ်နေသေးတာပဲ။ အထူးသဖြင့် စေရာနေရေးရဲ့
ဘဝထဲကို မိုင်မိုင်းတစ်ယောက်ကတော့
သိသိသာသာကြီးတိုးဝင်ခဲ့သည်လေ။

My Baby GirlWhere stories live. Discover now