Part - 7

5.4K 287 87
                                    

Unicode

မနက်အစောကြီးအိမ်ကိုရောက်လာတဲ့
ဦးကမ္ဘာသူကြောင့် Tomလုပ်နေတဲ့အလုပ်ဖြစ်တဲ့ပန်းပင်တွေကိုရေမလောင်းနိုင်တော့ပါ။
ခြံတံခါးကို အမြန်သွားဖွင့်ပေးရသည်။

"စေရာနေရေးရှိလား"

"ဗျာ ! "

"စေရာနေရေးရှိသလားလို့"

"ဆရာရှိတယ်...ဒါပေမဲ့ရုံးချိန်းရှိလို့
အခုသွားရတော့မှာ"

"အရေးကြီးလို့ သူနဲ့တွေ့လို့ရလား"

"ရတယ် ရတယ် ... ခဏလေးနော် ကျွန်တော်သွားခေါ်ပေးမယ်"

မျက်နှာတစ်ခုလုံးနီမြန်းနေတဲ့ ဦးကမ္ဘာသူရဲ့ပုံစံက တကယ်လည်းအရေးကြီးနေပုံရတာမို့ Tomပါလောနေမိသည်။အဲ့ဘက်အိမ်မှာ ဘာကိစ္စတွေဖြစ်ကျပြန်ပြီလဲ။

ဒေါက်...ဒေါက်

"ဆရာ ... ဆရာ့ ဟိုဖက်အိမ်ကဦးလေးလာတယ်။ အရေးကြီးလို့ ဆရာနဲ့တွေ့ချင်တယ်တဲ့"

အသိပေးလိုက်တာနဲ့ချက်ချင်းဆိုသလို
တံခါးဖွင့်လာပါ၏။

"သူ အောက်ထပ်မှာစောင့်နေတယ်"

"အင်း ကိုယ့်အိတ်နဲ့ဝတ်ရုံယူဖို့ကူညီပါအုံး"

"ဟုတ် ဟုတ်... ဦးလေးကအရေးကြီးနေတာထင်တယ်"

"ကိုယ်သိပြီ"

လက်ကကြယ်သီးတွေကိုတပ်ရင်းနှင့်ပင် အောက်ထပ်ကိုပြေးဆင်းသွားတဲ့ဆရာ့မျက်နှာကလည်း စိုးရိမ်စိတ်အထင်းသားနှင့်။

မနေ့ကဟိုဖက်အိမ်မှာဖြစ်သွားတဲ့ပြဿနာကို Tomလည်းကြားတာမို့ အဲ့ဒီကိစ္စနဲ့များပတ်သက်နေမလား... မိုင်မိုင်းလေးအတွက်စိုးရိမ်တာမို့
ဆရာ့အိတ်ကိုခပ်သွက်သွက်ယူကာ
ဧည့်ခန်းတံခါးအကွယ်ကနေနားစွင့်မိ၏။

"ကလေးက ဘယ်အချိန်ကတည်းကမရှိတော့တာလဲ...ကျစ် ! ဘယ်လိုဖြစ်ကျတာလဲဗျာ"

"ကျောင်းသွားဖို့အတွက် သူ့အမေအခန်းထဲဝင်ခေါ်မှမရှိတော့မှန်းသိတာ။သူဘယ်သွားတတ်လဲ မင်းများသိနိုင်မလားလို့"

"မဟုတ်သေးပါဘူး ကိုယ့်သမီးဘယ်သွားတတ်လဲတောင်ခင်ဗျားတို့မသိဘူးလား"

My Baby GirlWhere stories live. Discover now