Chapter 2

237 46 20
                                    

|| Unicode ||

အပိုင်း ၂ - "ဘာကြည့်တာလဲ" သူက မေးဆတ်ပြလိုက်သည်။

လင်ဝူယွီသည် အိမ်၌ ညမအိပ်ခဲ့ပါချေ။ တာလူမြန့်စားပြီးသည်နှင့် ချက်ချင်းပင် ထပြန်လာခဲ့၏။ အမေဖြစ်သူ၏ ကရားရေလွတ် ဗျစ်တောက်ဗျစ်တောက်ပြောဆိုသံ တစ်ဝက်မှာ ဒုန်းခနဲမြည်သံနှင့်အတူ အိမ်ထဲ၌ ပိတ်ချခံခဲ့ရသည်။

တစ်ခုတည်းသော ကံကောင်းမှုလေးမှာကား ယနေ့၌ "နင့်အစ်ကိုက ဘလာ ဘလာ ဘလာ" ဆိုသည်တို့ကို တစ်ကြိမ်သာ ကြားခဲ့ရခြင်းပင်။

ဖြစ်တည်မှုအားဖြင့် ထိုအိမ်၌ မည်သူကမှ "နင့်အစ်ကို" ဆိုသည်ကို မယှဉ်နိုင်ပေ။

"နင့်အစ်ကို" ဆိုသူက ထိုအိမ်၌ လူကိုယ်တိုင်အားဖြင့် မရှိလျှင်သော်မှ သူ၏ဒဏ္ဍာရီကတော့ဖြင့် လောကတစ်ခွင်၌ အထူးကဲဆုံးသောတည်ရှိမှုဖြစ်နေဆဲပါပင်။

တိမ်ကင်းစင်ကာ လမင်းထိန်ထိန်သာလျက် ကြယ်တာရာတို့ ကျိုးတိုးကျဲတဲသာ ပြိုးပြတ်နေသော ဤပုံမှန်ည၊ အိမ်ပေါင်းမြောက်မြားစွာတို့ထံမှ မီးအလင်းရောင်များ လင်းကျင်းနေသော ဤည၊ အိပ်‌မက်အပြည့်နှင့် အထက်တန်းတတိယနှစ်တို့ စာပုံထဲ ခေါင်းနှစ်နေကြသော ဤည၌ လင်ဝူယွီသည် နာရီဝက်ခန့် အရုပ်ကောက်၊ နာရီဝက်ခန့် လမ်းပေါ်သီချင်းဆိုသူများနား သွားနားထောင်၊ သီချင်းတောင်းခြင်းတို့ဖြင့် အချိန်ဖြုန်းနေခဲ့ပြီး နောက်ဆုံး သူအမြဲသွားနေကျ အကင်ဆိုင်သို့ ဝင်လာခဲ့သည်။

"ပုံမှန်အတိုင်းပဲလား"

အကင်ချောင်းများနောက်၌ ရပ်နေသော ဆိုင်ရှင်က အော်မေးသည်။

"အင်း"

လင်ဝူယွီက ခေါင်းညိတ်ပြလိုက်၏။

ပုံမှန်အတိုင်းဟု ဆိုရာတွင် အကင်တစ်မျိုးတည်းကို နှစ်ထုပ်ခွဲထုပ်ခြင်းပင်။ တစ်ထုပ်က သူ့အတွက် အဆောင်ကို ပြန်ယူသွားရန်ဖြစ်ပြီး နောက်တစ်ထုပ်ကတော့ ဘေးခန်းအတွက်ဖြစ်သည်။ သူ့အပြုအမူက အနည်းငယ်လျှို့လျှို့ဝှက်ဝှက်နိုင်ပုံပေါက်သော်ငြားလည်း သူက အကင်ကို တော်တော်လေးကြိုက်လှသည်။ ဘေးခန်းမရှိလျှင်ပင် သူက နှစ်ထုပ်လုံးကို စားနိုင်၏။ တစ်ထုပ်ကို ညဘက်၌ အေးအေးဆေးဆေးအရသာခံသားပြီး ကျန်တစ်ထုပ်ကိုတော့ မနက်ကျ မြန်မြန်သွက်သွက်စားလိုက်မည်။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now