Chapter 3

198 43 22
                                    

|| Unicode ||

အပိုင်း ၃ - လင်ဝူယွီက နှစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီးနောက် လည်ချောင်းရှင်းကာ ပြောလိုက်သည်။ “ကျီးကော… မလား”

မင်း လူတွေကို ပတ်စားနှပ်စားနေတဲ့အကွက်တွေကို ကြည့်နေတာလေ။

လင်ဝူယွီက စကားမဆိုဘဲ ပြုံးရုံသာပြုံးလျက် လိမ်စားကို နှစ်ချက်ကြည့်၍ ခေါင်းပြန်လှည့်လိုက်သည်။

“ဆက်ပြော”

အရူးက ဆိုသည်။

လိမ်စားက စကားမဆို။ လင်ဝူယွီသည် သူ့နောက်မှ အကြည့်စိမ်းစိမ်းတို့ကို ခံစားမိသည်။ လူတို့ကို လိမ်စားရာ၌ အဓိကငလိမ်ဂျာက ကျိန်းသေပေါက် အလိမ်ခံမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ အနားတွင်ရှိစေချင်မည်မဟုတ်‌။ သို့သော် သူကလည်း ထွက်သွားလိုစိတ်မရှိ။ နောက်ဆက်ပြောလာမည့်အကြောင်းအရာကို နားထောင်ရန် အင်မတိအင်မတန်ကိုမှ စိတ်ဝင်စားသည်။

“ဆက်ပြောလေ”

အရူးက ပြောသည်။ ထို့နောက် ခဏမျှ ရပ်လိုက်ပြီး ကပ်တိုးလေး ထပ်ပြောလိုက်၏။

“အဲလူကို ဘာလို့ ဂရုစိုက်နေတာလဲ။ သူ့ဘာသာ နားထောင်ချင်သပဆိုလဲ ထောင်ပလေ့စေ။ မင်းဟောတာ မမှန်လဲ ငါ ထုတ်မပြောပါဘူး”

“မဟုတ်ဘူး!”

လိမ်စားက အသံကို ကျယ်လိုက်သည်။

“ပြောသာပြော”

လင်ဝူယွီသည် ခေါင်းငုံ့၍ နှစ်ချက်ရယ်လိုက်မိသည်။

“အချစ်ဦးကို မနှစ်က တွေ့ခဲ့တယ် ဟုတ်တယ်မလား”

လိမ်စားက မေးသည်။

“... ဟုတ်တယ်”

အရူး၏အသံက အံ့အားသင့်မှုတို့ စွန်းလျက်။

“မင်း ရည်းစားထားဖူးတယ်မလား”

လိမ်စား၏လက်ထောက်သည်လည်း အံ့ဩတကြီးဖြစ်သွားခဲ့သည်။

“ပြီးတော့ အဲဒါကလဲ အတိအတကောင်မလေးနဲ့မလား”

“မင်း ဘာတွေပြောနေတာလဲ”

အရူးက အကြောက်အကန်ငြင်းသည်။

“ငါက ဘယ်လိုလုပ် အဲလိုလူမျိုးကို ကြိုက်ရမှာလဲ။ ပြီးတော့လဲ မင်း လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်တာ မကောင်းဘူးမလား။ ပြီးတော့ ကျီးကော*ဆို ဒီလောက်ချောလဲ ကြိုက်မဲ့သူ တစ်ယောက်မှမရှိ….”

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now