Chapter 5

195 39 6
                                    

|| Unicode ||

အပိုင်း ၅ - မငှားပါ။ မခိုးရပါ။ ကောက်ရက ပြန်ပေးပါ။

လင်ဝူယွီက ပြုံးလိုက်သည်။

“မင်းမေးခွန်းကလဲ ရဲတင်းလိုက်တာ”

“စောနက မင်းပြောတဲ့စကားလောက်တော့ မရဲတင်းဘူးထင်တာပဲ”

တင်းကျိက ပြန်ပြောလိုက်သည်။

“စောနက မင်း ငါ့လက်ဖဝါးကို ဖတ်တော့ မမြင်ဘူးလား”

လင်ဝူယွီက သူ့ဘယ်ဘက်လက်ဖဝါးကို ကြည့်လိုက်သည်။

“မမြင်ဘူး။ ပြီးတော့ ငါ အဲလိုဟာမျိုးတွေလဲ မကြည့်ဘူး”

တင်းကျိက ခဏမျှ စဉ်းစားလိုက်ပြီး အသံကို တိုးလိုက်သည်။

“အရင်းမဟုတ်ဘူးလား”

“အရင်း”

လင်ဝူယွီက ပြောလိုက်သည်။

“ဪ”

တင်းကျိက တုံ့ပြန်လိုက်သည်။

နှစ်ယောက်သားက စကားဆက်မဆိုလိုက်ကြတော့ဘဲ ကလေးတွန်းလှည်းကိုသာ အတူထိုင်ကြည့်နေလိုက်ကြတော့၏။

မိနစ်ပိုင်းမျှအကြာ၌ ရဲကားတစ်စီး ရောက်လာသည်။ တင်းကျိက ခုန်ရပ်လိုက်ပြီး ကားဘက်သို့ လက်ဝေ့ယမ်းပြလိုက်၏။

“ဒီမှာ…”

သူ့ဘောင်းဘီနောက်အိတ်ကပ်ထဲမှ စာအုပ်တစ်အုပ် ပြုတ်ကျသွားသည်။

လင်ဝူယွီသည်လည်း စာရွက်များ၊ စာအုပ်များကို ဘောင်းဘီနောက်‌အိတ်ကပ်ထဲသို့ ထိုးထည့်တတ်သည်။ ပစ္စည်းတို့ကို လက်ဖြင့် ကိုင်ထားရသည်ကို မကြိုက်။

သို့သော် တင်းကျိကတော့ မတူ။

လင်ဝူယွီသည် မြေပြင်ပေါ်မှ စာအုပ်ကို ကောက်ယူလိုက်သည်။ အတော်လေးတော့ ဟောင်းနွမ်းနေလေပြီ။ အဝါရောင်စာရွက်တို့က အမည်းစက်အချို့ပင် ပေါ်နေပြီ။ သို့သော်လည်း ဂရုတစိုက် သိမ်းဆည်းထားပုံရ၏။ စာရွက်တို့က သပ်သပ်ရပ်ရပ်နှင့် အစွန်းတို့ ခေါက်နေခြင်းမရှိ။

အဖုံးပေါ်၌ မျဉ်းကြောင်းမျိုးစုံတို့နှင့် လက်ဖဝါးပုံတစ်ပုံကို ဆွဲထားသည်။ အမည်ကို မဖတ်ကြည့်ဘဲနှင့်ပင် လက္ခဏာဗေဒင်စာအုပ်တစ်အုပ်ဖြစ်ကြောင်း ပြောနိုင်ပေ၏။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now