Chapter 6

201 38 5
                                    

|| Unicode ||

အပိုင်း ၆ - ကျန်းမာတဲ့လက်ရဲ့ အရောင်က အရောင်မညီဘူး။ လက်ဖဝါးက ပိုဖျော့ပြီး အရင်းပိုင်းတွေက ပိုထင်းတယ်။

တင်းကျိက ဆိတ်ဆိတ်သာ။ သူ့နှလုံးခုန်နှုန်းကတော့ ရုတ်ခြည်း လွဲချော်ကုန်ကြသည်။

သူသည် ပုံမှန်အားဖြင့် သူစိမ်းတို့ကို အကြည့်တစ်ချက်ဖြင့်ပင် ဖတ်နိုင်ပြီး သူတို့၏ “နှလုံးခုန်နှုန်း” တို့ကို အာရုံခံနိုင်သည်။ ယနေ့တွင်တော့ သူသည် ရုတ်တရက် သူစိမ်းတစ်ယောက်ထံ၌ အကြည့်တစ်ချက်တည်းဖြင့် အဖတ်ခံလိုက်ရသည်။ အတိအကျဆိုရပါလျှင် လင်ဝူယွီသည်ကား သူစိမ်းတစ်ယောက်သာ။

ဟုတ်တယ်။

ဒါပေမဲ့ မင်း ဘယ်လိုသိတာလဲ။

တကယ် ငါ့ကို အရှက်ခွဲနေတာပဲ။

“အဲဒီ “ကလေးပါရမီရှင်” ဆိုတဲ့ စကားလုံးနှစ်လုံးအပေါ်မှာ ခြစ်ထားတာ တွေ့လို့”

လင်ဝူယွီက ပြောလိုက်သည်။

“မဟုတ်ပါဘူး။ ဒီတိုင်း ငါ ငယ်ငယ်တုန်းက အရမ်းမဆင်မခြင်နိုင်ပြီး ထောင်လွှားမြောက်ကြွလွန်းခဲ့မှန်း သဘောပေါက်သွားလို့”

တင်းကျိက ဝန်မခံ။

“ဪ”

လင်ဝူယွီက ပြုံးလျက်သာ ဆက်မမေးလိုက်တော့ဘဲ လှည့်ကာ ရှေ့မှ ဆက်လျှောက်သွား၏။

နှုတ်ခမ်းထောင့်စွန်းပေါ်မှ ထိုအပြုံး၏ပုံစံအရ လင်ဝူယွီသည် ထိုငြင်းဆန်မှုကို မယုံကြည်ကြောင်း တင်းကျိ အတပ်သိသည်။ သူ့ငြင်းဆန်မှုက လင်ဝူယွီအား အဖြေကို အတိုင်းအတာတစ်ခုထိ ပို၍ပင် သေချာသွားစေလောက်သည်။

“အဲစာအုပ်က မင်း သိမ်းထားတာ ၁၀ နှစ်လောက် ရှိပြီမလား”

လင်ဝူယွီက လမ်းလျှောက်ရင်း မေးလာသည်။

“အင်း”

တင်းကျိက အင်းသံတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။

“မိသားစုအမွေအနှစ်လုပ်မလို့ စဉ်းစားထားတာ”

“ဘာလို့ အဲလောက်ထိ ပျာပျာသလဲတွေ ဖြစ်ပြီး ပျောက်မှာ ကြောက်နေတာလဲ”

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now