Chapter 4

174 38 7
                                    

|| Unicode ||

အပိုင်း ၄ : ဤစကားလုံးတို့ကို အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လေးပင် ပြောလိုက်ခြင်းဖြစ်သည်။ တင်းကျိမှာ မျက်မှောင်ကြုတ်လိုက်မိသွားခဲ့သည်။ “မင်း ဘာဖြစ်နေတာလဲ”

ထိုနေ့က တင်းကျိသည် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီးနောက် ထိုလူက ယဉ်ကျေးသမှုနှင့်ပင် သူ့နာမည်ကို ပြန်မိတ်မဆက်ခဲ့ပေ။ သို့သော် ယခုလောလောဆယ်၌ သူလည်း မေးချင်စိတ်ရှိမနေ။ သို့နှင့် သူသည် အမည်မသိက သူ့အိတ်ကပ်ထဲမှ အကိုက်အခဲပျောက်ဆေးကို ထုတ်လိုက်ပြီး ပါးစပ်ထဲ ထည့်ကာ သူ့ဖန်ပုလင်းကိုယူ၍ အလုတ်အနည်းငယ်သောက်လိုက်သည်ကိုသာ ကြည့်နေလိုက်သည်။

“မင်းက အစွဲမရှိဘူးပဲ”

သူက အမည်မသိ ပြန်ကမ်းပေးလာသော ရေဘူးကို ယူ၍ ပြောလိုက်သည်။

“ရေဘူးလေးတစ်ဘူးလေးပဲ မဟုတ်ဘူးလား”

အမည်မသိက ပါးစပ်ကို သုတ်လိုက်သည်။

“မဟုတ်ဘူး”

တင်းကျိက အဖုံးဖွင့်လိုက်ပြီး တစ်ရှူးဖြင့် ရေဘူးအဝကို သုတ်လိုက်သည်။

“ဒါက မူလလက်ဟောင်း Nestlé Coffee-mate ဘူး။ ငါ့ထက်တောင် အသက်ပိုကြီးရင် ကြီးလောက်တယ်”

အမည်မသိက စကားမဆို။

မော့ကြည့်လိုက်တော့ အမည်မသိ၏အမူအရာက အနည်းငယ် မကြည်မရွှင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ”

သူ မေးလိုက်သည်။

“မင်းက ဒီလောက် အစွဲကြီးနေရင်လဲ ဘာလို့ တခြားသူကို မင်းရေဘူးကို သောက်ခိုင်းသေးလဲ”

အမည်မသိက ပြောစရာစကားပင် ပျောက်ရှသွားပုံရ၏။

“မျက်စေ့ရှေ့တင်ပဲတော့ မသုတ်ပါနဲ့လား”

“မင်းက တကယ်ကြီး သောက်လိမ့်မယ်လို့မှ မထင်ထားတာ”

တင်းကျိက ပြောလိုက်သည်။

အမည်မသိက သူ့ဘယ်လက်ကို ဖြန့်လာ၏။

“မကြည့်ဘူး”

တင်းကျိက သူ့လက်ကို ပုတ်ထုတ်လိုက်သော်လည်း တစ်ချက်တော့ ကြည့်လိုက်မိသေးဆဲပင်။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now