Chapter 12

143 24 4
                                    

|| Unicode ||

အပိုင်း ၁၂ - ဟေး! မင်း ဘာလုပ်တာလဲ
____________

“... တော်တော်ချိုတယ်” တင်းကျိက ပြောလိုက်သည်။

“ငါ ထွက်လာတုန်းက ရေခဲမုန့်စားလာတာ” လင်ဝူယွီက ဆို၏။

“အခု ဗိုက်နည်းနည်းအင့်နေလို့”

“မင်းရဲ့ဗိုက်က ရေခဲမုန့်လေးတစ်ခွက်နဲ့ ဝလို့လား”

တင်းကျိက ထရပ်လိုက်ပြီး အနားရှိဆိုင်သေးသေးလေးတစ်ဆိုင်ထဲ လက်သွားဆေးသည်။ ထို့နောက် ဆိုင်ကယ်ကို တွန်းထုတ်လာ၏။

“၃ ခွက်”

လင်ဝူယွီက သူ့ဗိုက်ကို ပုတ်လိုက်သည်။

“တကယ်ဗိုက်အင့်နေတာ။ ရေခဲမုန့်က ထမင်းထက် ဗိုက်ပိုတင်းတယ်”

“မင်း အိမ်သာပြေးမလို့လား” လျို့ကျင်းဖန်က မ‌နေနိုင်ဘဲ မေးလိုက်မိတော့သည်။

“ယဉ်ကျေးသမှုရှိစမ်းပါ”

တင်းကျိက ဆိုင်ကယ်ပေါ် တက်လိုက်ပြီး လင်ဝူယွီဘက် အနည်းငယ်ခေါင်းလှည့်ကာ ပြောလိုက်သည်။

“တက်”

လင်ဝူယွီသည် ဆွဲလာသောအိတ်အကြီးကြီးတစ်အိတ်ကို ဆိုင်ကယ်ခြေနင်းပေါ် တင်လိုက်၏။

“မင်း တစ်ခုခုဝယ်လာတာလား” တင်းကျိက မေးလိုက်သည်။

“အင်း… နို့မှုန့်” လင်ဝူယွီက ဆိုသည်။

“ပြီးရင် ငါ့ဆီ ယွမ် ၂၀၀ လွှဲပေးလိုက်။ ငါတို့နှစ်ယောက်ပေါင်းဝယ်တယ်လို့ သဘောထားလိုက်”

“အိုကေ” တင်းကျိက ခေါင်းညိတ်လိုက်၏။

လင်ဝူယွီ ဆိုင်ကယ်ပေါ် တက်လာတော့ သူက အင်္ကျီအောက်နားစကို ဘောင်းဘီထဲ ထိုးထည့်လိုက်သည်။

“ဒါက ဘယ်တောမှာ ခေတ်စားနေတဲ့ဖက်ရှင်လဲ” လျို့ကျင်းဖန်က သူ့ကို နှိမ်သည့်အမူအရာနှင့် ကြည့်လာ၏။

“ပါးစပ်ပိတ်ထား”

တင်းကျိက ဆိုင်ကယ်ကို စက်နှိုးလိုက်ပြီး လျို့ကျင်းဖန် ထပ်ပြောလာသည်အထိ မစောင့်တော့ဘဲ သစ်သီးတန်းထဲမှ မောင်းထွက်လာခဲ့လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Apr 22 ⏰

Add this story to your Library to get notified about new parts!

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now