Part - 1

575 22 2
                                    

၁၉၁၅ခုနစ် မတ်လ၁၂ရက်နေ့၊ သောကြာနေ့။

ဒီနေ့က ကျုပ်ရဲ့မွေးနေ့။
ဒီနေ့မှာပဲ ကျုပ်ရဲ့မာမားသေခဲ့ရတယ်။

ကျုပ်နာမည် "ကြည်နူးနိုင်"...

ကျုပ်နဲ့မာမားက မန္တလေးတိုင်းမှာနေထိုင်ဖြစ်သည်။
မာမားက အရင်တစ်ချိန်က တေးသံရှင်တစ်ဦးသာ။ အလှမယ်တစ်ဦးလည်းဖြစ်ခဲ့ဖူး၏။ မာမားက အပျော်မယ်ဂေဟာမှာအလုပ်လုပ်ရင်း မြို့အုပ်မင်းတစ်ယောက်နဲ့ငြိစွန်းပြီး ကျုပ်ကိုမွေးခဲ့ရလေ၏။

ကိုယ်ဝန်နဲ့မို့အလုပ်မလုပ်နိုင်တော့သော မာမားကို
အလုပ်ရှင်ကလည်း အလိုမရှိတော့။ အချောအလှလေးများကိုသာ နေရာပေးခဲ့သည်။
မာမားက တရုတ်၊ဗြိတိသျှကပြားဖြစ်သော်လည်း ဗမာပြည်ဖွားလည်းဖြစ်ပြန်၏။ မိသားစုစီးပွားပျက်သွားပြီးနောက် အပျော်မယ်ဂေဟာမှာ တရုတ်သီချင်းတွေဖျော်ဖြေရင်း အသက်ဆက်ခဲ့ရသည်။
သားအမိနှစ်ယောက်အတူတူ ရှာဖွေစားသောက်ရင်း ရှာထားသမျှလက်ထဲသိပ်မကျန်တော့သလို
သူမရဲ့ရောဂါကိုလည်းအဖြေမရှာနိုင်ခဲ့။

'သားရဲ့ပါပါးကိုသွားရှာလို့'သာ တစ်ဖွဖွမှာခဲ့၏။

'ရေကြည်လေးကအေးပါရဲ့လား...'
အဲ့ဒီစကားလေးပြောရုံနဲ့ မင်းရဲ့အပါးက
မင်းမှန်းကောင်းကောင်းသိမယ်လို့ ပြောပြခဲ့၏။

"ကြည်နူး မားရဲ့ပေါင်ပေ့လေး မြို့အုပ်မင်းကြီးဖြစ်လာရမယ်နော်...'ရောဘတ်'သားရဲ့အင်္ဂလိပ်လိုအမည်နာမကို 'ရောဘတ်'လို့ခေါ်ရမယ်...
'မြို့အုပ်မင်းရောဘတ်ကြည်နူး'ဆိုပြီး လူတကာချစ်ကြောက်ရမယ့် လူသားလေးဖြစ်လာရမယ်နော်..."

ကတိပေးတယ်ဆိုသောစကားသံအဆုံးမှာပဲ
မားက မျက်ရည်တွေနဲ့ကြည့်လာခဲ့၏။ နောက်ဆုံးစိတ်ချ၊လက်ချနဲ့ ကလေးငယ်တစ်ယောက်ကို
ချန်ထားရက်ခဲ့လေသည်။

"မား မအိပ်နဲ့ဦးလေ...ကျုပ်မြို့အုပ်ဖြစ်လာတာကိုကြည့်ရမယ်လေ မား..."

မားဆီမှစကားသံတို့မကြားရတော့သလို
ငြူစူသံလေးတွေလည်းမရှိတော့။ ကျုပ်ရဲ့မာမားအိပ်ပျော်နေလေပြီ။

သားလေး မားရဲ့လူကလေး၊ မားရဲ့ပေါင်ပေ့လေးဆိုသောစကားသံတို့ကို ဘယ်သောအခါမှကြားရတော့မှာမဟုတ်ပေ။

"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)Where stories live. Discover now