Part - 5

43 6 0
                                    

လေးလံနေသောမျက်ဝန်းများ မူးနောက်နောက် ဦးခေါင်းခွံတစ်ခုလုံးနဲ့ ပြာဝေဝေမျက်ဝန်းများ။ ဘယ်နေရာရောက်နေတယ်မသိရ။ ဤမျှလောက်သောနူးညံ့မှုနဲ့အိပ်စက်နေရ၍ ထပ်မံပြီးအိပ်ချင်နေခဲ့သည်။ မျက်ဝန်းများဝေဝါးနေပြီး အားပြုကာစိုက်ကြည့်နေသောရှေ့မှ အရိပ်လေးကဝိုးတဝါး။
နားထဲကြားနေရသောခေါ်သံများ။

"ရောဘတ်..."

"အကိုငယ်..."

အိပ်ပျော်သွားသောသူက ဘာမှမမြင်နိုင်မသိနိုင်တော့ပေ။ ဖြူဖွေးနေသောနှုတ်ခမ်းများနှင့် လဲလျောင်းနေသူအား လွန်ခဲ့သောနာရီပိုင်းလောက်ကပင် မိုးရေထဲမှ အတင်းအကြပ်ဆွဲခေါ်လာခဲ့ရခြင်းဖြစ်၏။

ကမ်းပေးသောလက်ကိုလည်း မဖယ်ခဲ့သလို၊ ပြန်လာ်ဆုပ်ကိုင်ခြင်းလည်းမပြုခဲ့။ ပြိုလဲနေသောကောင်းကင်ကြီးကိုပြုံးလျက်ပင် နာနာကျင်ကျင်ပြုံးနေခဲ့၏။

"ကိုကြည်ဦးရေ ရောဘတ်မယ် ရန်သူတွေများ
ရှိနေလား..."

"ကျုပ်အကိုငယ်မယ် ရန်သူမရှိနိုင်ပါဘူး...
အိမ်တော်ထဲသိုသိုဝှက်ဝှက်နေရပြီး သနားဖို့ကောင်းလွန်းသဗျာ...မိခင်မရှိတော့ပဲ ကျောထောက်နောက်ခံမဏ္ဍိင်မရှိလေတော့ သိတယ်မဟုတ်လား အကို၍အက္ခရာ..."

ဤအိမ်တော်မှာ၍အက္ခရာ၏အပိုင် အိမ်တော်တစ်လုံးဖြစ်ပြီး သဃင်္နးကျွန်းမြို့တွင်တည်ရှိသည်။
သခင်လေးတစ်ပါး၊ အင်္ဂလိပ်တပ်သားတချို့ဝင်ထွက်သွားလာနေသော အိမ်တော်တစ်ခုပေမို့ ဤအိမ်တော်ကအရာရှိတစ်ဦး၏ အိမ်လို့သာနာမည်ကြီး၏။

အိမ်ကြီး၏အပြင်ဘက်အပြင်အဆင်မှာ အနီရောင်ခြယ်သထားပြီး ခြံဝန်းကျယ်ကြီးနဲ့ကားရပ်နားရာစင်ရှိသည်။ အိမ်ရှေ့၌မြက်ခင်းပြင်လေးနဲ့ထိုင်စရာခုံဝိုင်းလေးရှိသည်။ ခြံဘေး၌ ဥယျာဥ်ခြံလေးရှိပြီး
သခင်ပန်းလေးများပျိုးထား၏။

"အကို၍အက္ခရာနဲ့ကျုပ်နဲ့ခင်မင်တာငယ်စဥ်ကတည်းကပဲနော့်...ကျုပ်ဖြင့် ဒီအိမ်တော်ကိုပထမဆုံးရောက်ဖူးလေတာပဲ...တော်တော်လေးကိုလှပသပ်ရပ်ပြီးအစောင့်တွေလဲအားကြီးရယ်..."

"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)Where stories live. Discover now