လွန်ခဲ့သောရက်က ဖိတ်စာတစ်စောင်ရခဲ့၏။ ဝန်ကြီးများရုံးမှမြို့ဝန်မင်း၏တံဆိပ်တုံးကိုအသုံးပြုကာ ရေးသားထားသော အကြောင်းကြားစာပင်။ ချိန်းဆိုထားသောနေရာသို့သွားဖို့ရာ ခုံဖိနပ်စီးပြီး ပုဆိုးတိုတိုဝတ်လို့ ထွက်လာခဲ့သည်။
"တက္ကသိုလ်ဝင်တန်းကျောင်းသားများဘို့ ဘိတ်ကြားစာ..."
ဘယ်သူများလည်းကြည့်တော့ ဟိုဘက်ရွာက သူကြီးသားအောင်မောင်းဖြစ်နေ၏။ ဥစ္စာလည်းပေါသလို ပညာအရာလည်းတော်သောသူကြီးသားက နည်းနည်းရိုင်းဆိုင်းတတ်တာမို့ ပြဿနာတော့ရှင်းရဦးမှာပင်။
"ကြည်နူးနိုင် မင့်ဆီကို မြို့ဝန်မင်းရဲ့ဘိတ်ကြားစာ
ဘယ်လိုရောက်နေတာလဲ..."ဘယ်လိုရောက်ရလေမလဲ။ ဘယ်သူမှမသိချိန်မို့ ကိုယ်တိုင်ခိုးယူသိမ်းဆည်းလိုက်ခြင်းပေ။ အကယ်၍များတစ်စုံတစ်ယောက်သိခဲ့သော် မြို့ဝန်မင်းဘိတ်ကြာတဲ့နေရာသို့ သွားရလိမ့်မာ်မဟုတ်ပေ။
တရားမဝင်သားပေမို့ ဤသို့သောလူကုံထံတွေဆီ လည်ပတ်ဖွင့်မရခဲ့ပေ။"ကြည်နူးနိုင် ပြန်မပြောဘူးဆိုတော့ မင့်က ကျုပ်နဲ့ရန်ဖြစ်လိုတာလား..."
"ဒီမှာသူကြီးသား...ကျုပ်မှာ မင့်နဲ့ရန်ကြွေးရှိဖူးလား...ဒီလိုမဟုတ်လဲ ကျုပ် မင့်အပေါ်မကောင်းတာလုပ်ဖူးလို့လား..."
"ရန်ကြွေးလဲမရှိဘူး...မင့်က မကောင်းတာမလူပ်ဖူးပါဘူး..."
"ဒါဆိုလဲ ကျုပ်လမ်းကိုမပိတ်နဲ့လေဗျ... "
"တောင်းပန်ပါတယ်ဗျ...သွားပါ သွားပါ..."
အပြုံးလေးနဲ့လမ်းဖယ်ပေးလေသော သူကြီးသားအောင်မောင်း၏ယောင်ယမ်းတတ်သောအကျင့်ကြောင့် ထိုနေရာကလွတ်လာခဲ့၏။ ယောင်ယမ်းပြီးပြုံးနေဆဲဖြစ်သော အောင်မောင်းကို သူ၏ဘေးမှသူငယ်ချင်းများက သတိပေးသံကြားရပြီးနောက် ဆဲဆိုသံတွေလည်းထွက်လာ၏။
"ကြည်နူးနိုင် ခွေးကောင်...သတောင်းစား...
ငါ့ကိုလုပ်သွားပြန်ပြီ...မင့် ပြန်လာခဲ့စမ်း..."မြို့တော်ဝန်၏အိမ်အဝင်လမ်းမကြီးထက်ဆဲဆိုနေသော သူကြီးသားအောင်မောင်းကိုကြည့်ကာ ကြည်ဦးတစ်ယောက်ရယ်နေလေ၏။ မကြာလိုက်သောအချိန်၌ အောင်မောင်းနောက်သို့ရပ်ကာ သူ၏ခါးသို့တို့လိုက်လေသည်။
YOU ARE READING
"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)
Romanceမြို့အုပ်မင်းဖြစ်သွားတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်း...