"သတ္တိ..."
"သခင်လေး၍ ခိုင်းစရာရှိသေးလို့လားဗျ..."
ရုံးတော်ကအကောက်ခွန်စာရွက်တွေကို သယ်သွားလေသူက နောက်လှည့်လာကာ မေးလာတော့ ဇဝေ၊ဇဝါဖြစ်နေရာကနေ လေးပင်စွာခေါင်းငြိမ့်လိုက်မိသည်။
"ရောဘတ်တစ်ယောက် ပဲခူးဘက်ကိုအကောက်ခွန်ဋ္ဌာနရယ်.. လယ်သမားတွေရယ်နဲ့စကားပြောဖို့ထွက်သွားတယ်...ကျုပ်စိတ်ပူနေတာက ပဲခူးခရိုင်က အရေးပိုင်မင်းအကြောင်းကိုပဲ...သူ့မယ်လက်စားမရတော့ပါရင် ရောဘတ်ကိုတစ်ခုခုပြဿနာရှာလေမလား..."
"ကျုပ်တို့လူလွှတ်ပြီး အစောင့်ပိုလွှတ်ပေးလိုက်ပါ့မယ်..."
ထိုင်ခုံပေါ်ထိုင်နေသော သခင်လေး၍က လက်ကလေးနှစ်ဖက်ကိုယှက်လို့ လက်ငြိုးလေးဖြင့် နဖူးတည့်တည့်သို့ လက်ထောက်ကာ စဥ်းစားနေပြန်သည်။ သူဘာတွေတွေးပူနေလည်း သူကိုယ်တိုင်မသိခဲ့။ ရောဘတ်ကြည်နူး အား သူလျိုအနေနဲ့လွှတ်လိုက်လေသော အသေစားအသေခံဖြစ်စေလိုက်တာလဲမဟုတ်။
တရားရေးရာဋ္ဌာန၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြီးတော့ အထူးစစ်သားများကိုလည်း ရောဘတ်နှင့်အတူ အကောက်ခွန် စစ်ဆေးရေးလူကြီးအားစောင့်ရှောက်ဖို့ရာ ထည့်ပေးလိုက်သေးသည်။
"လက်သပ်မွေးထားတဲ့ ကျွမ်းကျင်တပည့် တစ်ဆယ်ငါးယောက်လောက်ကို ပဲခူးသွားဖို့ ပြင်ဆင်ခိုင်းလိုက်ပါ..."
"ပဲခူးမြို့ကို ကိုယ်တိုင်သွားမလို့လား သခင်လေး..."
"ကျုပ် စိတ်ပူနေလို့ပါ..."
"ရောဘတ်ကလည်း တိုက်ရေ၊ခိုက်ရေ အကျွမ်းတဝင်ရှိပြီးသားရယ်...စစ်သားတွေလည်းပါလေပါရဲ့ သခင်လေး အပင်ပန်းမခံပါနဲ့လား..."
"အော် သတ္တိရဲ့ လူပင်ပန်းတာထက် သူ့ကိုစိတ်ပူလို့ စိတ်ပင်ပန်းနေတာလေရော်...ကျုပ်မယ် သွားလဲ ဒီစိတ်၊စားလဲ ဒီစိတ်နဲ့ အဲ့ဒီအမျိုးသားလေးက အခုမှအလုပ်ပြီး လုပ်တာဆိုတော့ စိတ်မချလေဘူးရယ်..."
သူကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိ ရင်လေးနေ၏။ မနက်ခင်းအိပ်ယာနိုးတော့ အခန်းထဲဝင်လာတဲ့ ကြည်နူးက ကြာချည်ပုဆိုးအကွက်လေးနဲ့ အကျီတိုက်ပုံကိုဝတ်ထားသည်။
YOU ARE READING
"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)
Romanceမြို့အုပ်မင်းဖြစ်သွားတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်း...