၁၉၂၅ခုနစ် ဗမာပြည်,ရမ်ကူးမြို့၌,
လမ်းမတစ်နေရာရှိကာဖေးဆိုင်ထဲထိုင်နေသော တည်ကြည်ခန့်ညားသူတစ်ယောက်ရှိနေသည်။ မျိုးရိုးမြင့်များသာ သုံးဆောင်နိုင်သော ကာဖေးဆိုင်အတွင်း၌ အီကြာကွေးတစ်ချောင်းကို ကိုင်ကာ လ္ဘက်ရည်နှင့်တို့နှစ်လိုက်လေသည်။ ထိုအမျိုးသားကထည်ငြိမ်လွန်းနေပြီး အရာရာကိုလျစ်လျူရှူ့ထား သူလိုသာ။
သူ၏ဘေးတွင်ထိုင်ကာ ပေါင်မုန့်တစ်လုံးကို ထောပတ်ယိုသုတ်နေပါသော လူငယ်တစ်ယောက်လည်းရှိလေ၏။ ဥပတိရုပ်ခန့်ညားသောလူငယ်လေးက အပြုံးလေးလည်းချိုသာသလို စကားတွေဖောင်ဖွဲ့ပြောနေလေ၏။
"ကျုပ်တို့တွေအခုဆိုရင်ဖြင့် ရမ်ကူးမှာအိမ်တစ်လုံးဝယ်ပြီး မယားတစ်ယောက်ယူလို့ရရုံမကဘူးဗျို့...မယားဆယ်ယောက်၊ဆယ်ယောက်လောက်ယူလို့ရသဗျာ...သခင်လေးရော ဘယ်အပျိုလေးကို မျက်စပစ်ချင်နေတုန်းဗျ..."
"ကျုပ်အတွက်ရယ်က မိန်းမမလိုပါဘူး...အသပြာလေးများများသိမ်းနိုင်ရုံ ဖြစ်တယ်..."
"သခင်လေး၍က ငွေနဲ့အမျိုးသမီးမှာ ငွေရွေးတယ်ပေါ့...ကျုပ်တစ်ခုပြောမယ်ဗျ...အလှလေးတစ်ယောက်လေ..."
လူမသိစေချင်သောစကားကိုခပ်တိုးတိုးပြောနေသယောင် ပုံသဏ္ဍန်ဖြင့် ၍အားအနားသို့ခေါ်ာပြောလိုက်လေ၏။
"မှောင်ခိုကုန်သည်တွေ ရောက်လာပြီ သခင်လေး..."
၍တစ်ယောက်ပြုံးလိုက်လေ၏။ သူ၏ဘေးနားမှလူငယ်လေးကလည်း ရောက်တတ်ရာရာကြွားဝါပြောလို့ကောင်းဆဲပေ။
သူတို့၏စားပွဲဝိုင်းနားသို့ လူနှစ်ဦးရောက်လာသည်။
ခပ်ဝိုင်းဝိုင်းဦးထုတ်တစ်လုံးကို ငိုက်ငိုက်စောင်းကာ တရုတ်အကျီဝမ်းဆက်ကိုဝတ်ဆင်ထားပုံပေါက် ထိုလူကမြို့ထဲမှ လူချမ်းသာတစ်ဦးဖြစ်လောက်မှာအသေအချာ။ထိုလူကဟိုငေးဒီကြည့်နဲ့မကြာလိုက် ၍နှင့်မျက်နှာချင်းဆိုင်မိကြ၏။ ထိုလူက ၍ ကိုမြင်လိုက်သောအခါ အကြည့်တစ်ချက်သာပေးလိုက်လေ၏။
"ကျုပ်တို့ကို အဲဒီတရုတ်အမျိုးသားမသိဘူး..."
"ကျုပ် သခင်လေးကိုပြောတယ်လေ ဂျပန်တွေ
နဲ့ပေါင်းထားတဲ့တရုတ်ကုန်သည်တွေ အရမ်းသောင်းကျန်းနေပါတယ်လို့ ..."
YOU ARE READING
"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)
Romanceမြို့အုပ်မင်းဖြစ်သွားတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်း...